2(Z & U)
2.2K 256 72
Zawgyi
မွေးဖွားအဂါင်္မှ နာကျင်နေသေးသည့်တိုင် လင်ကောင်းလင်မြတ်လေး စားသောက်ဖို့အရေး မီးဖိုခန်းက မဝင်မဖြစ်။ဒင်းကတော့ အိမ်ရှေ့ခန်းမှာ အသံတိတ်နေပုံရလျှင် ဆေးစွမ်းဖြင့် နတ်ပြည်တက်နေဟန်တူသည်။
နန်းခင်လေ စိန်မောင်ကို အရက်သောက်၊ဖဲရိုက်၊ပတ်ရမ်းနေတာထက်စာလျှင် ဘိန်းရှူနေသည်ကို ပိုသဘောကျသည်၊ငြိမ်သက်ပြီး ဇိမ်ယူနေသည့်အချိန် အလွန်ပင် နားအေးသည် မဟုတ်လား။
"နန်းခင် သွေးနုသားနုနဲ့ အညှော်တွေ လုပ်နေသလားအေ''
နောက်ဖေးအဖီမှ ခပ်တိတ်တိတ် တက်လာသော ဒေါ်နီက နန်းခင်လက်ထဲမှ ငါးခြောက်ကင်တုတ်ကို ဆွဲယူရင်း နန်းခင်ကိုပါ ခပ်လှမ်းလှမ်းကို နေရာရွေ့စေသည်။
"မလုပ်လို့ စားစရာမှမရှိဘဲ ဒေါ်နီရယ်။စိန်မောင်ကလည်း သိတဲ့အတိုင်း''
"အေးဆိုအေ။ညည်းကံကလည်း ဆိုးတယ်။ကဲပါအေ၊ဖြစ်လာမှတော့ ဘယ်တတ်နိုင်မလဲ၊နောက်ရက် ငါလာကူချက်ပါ့မယ်''
"ကျွန်မ ခြံလေးလည်း တစ်ချက်ကြည့်ပေးထားပါဦးနော်။နောက်အပတ်ဆို အသီးခူးချိန်ရောက်ပြီ။ကျွန်မလည်း နောက်ရက်တော့ ခြံထဲဆင်းနိုင်လောက်မှာပါ''
"အေးပါ။ပူမနေနဲ့။ဒါနဲ့ နန်းခင် လာစမ်းငါ့အနားကို။ညည်းနားထင်က ညိုမည်းနေတာလား ဟုတ်လား ''
ဒေါ်နီက ငါးခြောက်ကို မီးဖိုဘေး ဖုတ်ခနဲ ပစ်ချပြီး နန်းခင်နားထင်က ဒဏ်ရာကို ပြူးပြဲကြည့်လေသည်၊
"မနေ့က စိန်မောင် လုပ်ထားတာ''
"ဒုက္ခပါပဲအေ။သွေးနုသားနုနဲ့ မီးတွင်းထဲ ဒုက္ခတွေရောက်ကုန်တော့မှာပဲ။ညည်း နေလို့ရောကောင်းသလား။ခေါင်းတွေဘာတွေကိုက်ရင် စမုံထုတ်လေး ရှူနော်''
ခေါင်းထဲမှ တဆစ်ဆစ်ထိုးကိုက်နေခြင်းကိုတော့ ထိန်ချန်ထားရင်း စိတ်ပူလျော့စေရန် ခေါင်းသာညိတ်ပြလိုက်ရတော့သည်။နန်းခင်ဘဝလည်း ဒေါ်နီတို့လို ဝန်းကျင်ကောင်းရှိနေလို့သာ တော်သေးပေသည်။
#
ဒီနေ့ပါဆို သားလေး ၅ရက်ရလေပြီ။မီးထွက်နဲ့ အသီးခူးချိန်ကိုက်မှာနဲ့ အတော်ပါပဲ။အတွေးနှင့်အတူ ဟင်းချက်ခြင်းကို အဆုံးသတ်ပြီး အိမ်ရှေ့ထွက်လာချိန် မြင်လိုက်ရသည်က