34(Z & U)
1K 145 35
Zawgyi
မနေ့ကတည်းက လာမကြိုနိုင်ဘူးတစ်ခွန်းသာပြောပြီး ပျောက်သွားသူက ဒီနေ့လည်းနောင့်ပိတ်ရက်ပေမဲ့ပေါ်မလာခဲ့ပါ။လာမယ်အမှတ်နှင့် ပြင်ဆင်ထားသည့်တို့ဟူးနွေးကလည်း စားဖို့ရာအဆင်သင့်ဖြစ်နေလေပြီ။ဖုန်းခေါ်လည်းခေါ်တာသာရှိပြီး ပြန်ဖြေသူမရှိလေတော့နောင်စိတ်ပူလာလေပြီ။မထူးတော့သည့်အဆုံး တို့ဟူးနွေးလေးချိုင့်လေးဆွဲပြီး ဆိုင်ကယ်အကြုံရှာရတာ့သည်။ဆိုင်ကယ်ကလည်း ပြန်ဝယ်မလို့ပေမဲ့ ဇွဲနောက်လိုက်အစီးကောငိးနေတာနှင့် မဝယ်ဖြစ်ခဲ့ပေ။
"ဒေါက်တာ ဘယ်သွားမလို့လဲ''
"တောစပ်ခြံဘက် သွားမလို့''
"လာလာ...ကျွန်တော်ပို့ပေးမယ်''
ဆိုင်ကယ်အစုတ်လေးမို့ ဇွဲဆိုင်ကယ်လောက်တော့စီး၍မကောင်း။သို့သော်လည်း ရှိတာလေးနဲ့လိုက်ပို့တာကိုကျေးဇူးတောင်တင်ရပေဦးမည်။
". ...''
"ဟာ..ဘယ်လိုမောင်းသွားတာလဲမသိ..''
ရှေ့ကနေ အရှိန်နှင့်ဖြတ်ပြေးသွားသောဆိုင်ကယ်က အမြီးဖျားပဲမြင်လိုက်ရပေမယ့် ဇွဲဆိုင်ကယ်နဲ့ဆင်တူသလိုပင်၊အနောက်မှာလည်း လူတစ်ယောက်ပါသွားတော့ မဟုတ်လောက်ဘူးလားမသိ။နောက်ထပ်ရှေ့ဆင့်နောက်ဆင့်ဆိုသလို ကျော်တက်သွားသော ဆိုင်ကယ်နှစ်စီးကတော့ ပုံမှန်နှူန်းအတိုင်းမို့ နောက်ဆုံးတစ်စီးကမောင်းသွားသူကိုတော့ သေချာမြင်လိုက်သည်။ဇွဲအလုပ်ထဲက လက်တိုလက်တောင်းကောင်လေး မောင်သက်ပိုင်။အနောက်မှာထိုင်လိုက်သူက ဇွဲလိုပင် ထောင်ထောင်မောင်းမောင်းဖြင့် စမက်ကျကျလူငယ်လေးတစ်ဦး။
နောင်စီးလာသည့်ဆိုင်ကယ်လေးကတော့ စက်သိပ်မကောင်းတော့ သူတို့ဖြတ်မောင်းသွားပြီး တော်တော်လေးကြာမှပင် ဇွဲ ခြံကိုရောက်သည်၊ကောင်လေးကို ကျေးဇူးတင်စကားပြောပြီး အိတ်ကပ်ထဲပါလာသည့်ထောင်တန်နှစ်ရွက်ကိုပါမုန့်ဖိုးပေးလိုက်သည်။ခမျာမှာလည်း အဆင်ပြေရှာသူမဟုတ်။ကောင်လေးထွက်သွားပြီးမှ ဇွဲ ခြံထဲ လှမ်းအဝင် မြင်လိုက်ရသည့်မြင်ကွင်းက ​နောင့်ရင်ဝကိုဆောင့်ကန်လိုက်သလိုပင်။