Bonus(Z & U)
773 62 36
Zawgyi
''ဒီလောက်ဆိုရလား''
''အင်း..''
''ဒီမှာကြည့်ဦး..ဒါဆိုရင်ရော''
''အင်း..''
''ဒီတစ္ခုက နည်းနည်းချွန်နေသလိုလားလို့''
''ကဲ..ဇွဲရယ်..မင်းဘေးကနေပဲငါလုပ်တာထိုင်ကြည့်ပါတော့''
ထိုအခါကျ သွားတန်းလေးတွေပေါ်အောင်ဟီးခနဲရယ်သည်။မုန့်လုံးရေပေါ်စားချင်လို့ လုပ်ပါတယ်ဆို တစ်လုံးပြီးတိုင်း အလုံးအကြီးအသေးပြနေတာနဲ့ကို အလုပ်ကမတွင်။ဘယ်လိုလုံးလုံး အထဲကထန်းလျက်သာမမေ့နဲ့ ဆိုတာကိုလည်း အခါပေါင်းမနည်းအောင်ပြောခဲ့ပြီးလေပြီ။
''ငါက မညီမှာစိုးလို့ပါကွ''
''အိမ်မှာလုပ်စားတာပဲဟာ မညီလည်းဘာဖြစ်လဲ''
''မင်းကြိုက်တာလေးဆိုတော့ လှလှလေးစားစေချင်လို့''
ဒီလိုဆိုတော့လည်း ပြောမိသည်ကိုပင် အားနာရပြန်သည်။နှစ်တွေကြာခဲ့ပြီဖြစ်သော်လည်း နောင့်အပေါ် ရှိနေသည့်ဇွဲရဲ့စိတ်ကတော့ခုတိုင်မပြောင်းလဲသေးပေ။
''စောင်တွေစိမ်ထားတာရလောက်ပြီလားမသိ၊ငါသွားကြည့်လိုက်ဦးမယ်''
''အင်းအင်း..ပြီးရင်မင်းတစ်ယောက်တည်းမလျှော်နဲ့နော် အတူတူလျှော်မယ်သိလား။''
ဟိုရက္က ခြံဟောင်းကိုရှင်းရင်း မတော်တဆထိခိုက်မိ၍ ဇွဲခါးနာသွားခဲ့သည်။ကလေးကတည်းကတပင်တပန်းလုပ်လာရသည့်ဒဏ်တွေက အသက်ကြီးလေ ဒဏ်ပိလာလေပင်။ခုထိလည်း ဇွဲကမနားသေး။တခြားခြံတွေထက် ဧကကျယ်ကျယ်စိုက်ပျိုးထားသည့်လိမ္မော်ခြံကိုဆို ပိုလို့တောင် အထိမခံပေ။
''အ...နောင်ရေ''
''ဘာဖြစ်လဲ...ဇွဲ.. ဘာဖြစ်လဲ''
ရေနွေးအိုးထဲမုန့်လုံးရေပေါ်လုံးတွေ အကုန်ပစ်ထည့်လိုက်ပြီး ရေချိုးခန်းဆီသုတ်ခြေတင်ရတော့သည်။ဇွဲက ရေချိုးခန်းနရံကိုမှီထောက်ရင်း ခါးကခပ်ကုန်းကုန်းအနေအထား။
''စောင်ဇလုံကိုမလိုက်တာ''
''မ စရာလား ဇွဲရယ်..ခါးပြန်နာသွားပြီမဟုတ်လား။ငါပြောတယ်..အတူတူလုပ်ပါမယ်ဆိုကွာ..ထားခဲ့လိုက်တော့..လာလာအပြင်ကိုထွက်။အိပ်ရာထဲခဏလှဲလိုက်၊ငါဆေးလူးပေးမယ်နော်''
🎉 You've finished reading ကိုယ့်မေတ္တာဖြင့် အေးချမ်းစေ(ကိုယ့်မေတ္တာဖြင့် အေးချမ်းစေ) 🎉