Part 40

7.9K 675 46
                                    

Part 40

"မယ်တော်ကို ဂါရဝပြုပါတယ် "

မင်ရန်ရှင်း စစ်မထွက်ခင် ဟွာကျင်မယ်တော်ကြီး
ကို ဝင်ပြီးနှုတ်ဆက်လိုက်သည်။

"ယန်းနိုင်ငံနဲ့တိုက်တဲ့တိုက်ပွဲမှာအောင်မြင်ပါစေ
သားတော် "

"ကျွန်တော်အနိုင်တိုက်နိုင်မှာပါ ဒါပေမဲ့တစ်ခုတော့ရှီတယ် ကျွန်တော့်မရှီတုန်းမှာ မယ်တော်နဲ့ရှင်းမိဖုရားကြီးက ကြင်ယာတော်ကို သွားထိတဲ့နေ့
ကြင်ယာတော်က မယ်တော်တို့ကြောင့်
တစ်ခုခုဖြစ်ခဲ့ရင် ကျွန်တော့်တိုင်းပြည်ကို
ယန်းနိုင်ငံလက်ထဲထည့်လိုက်မှာပါ "

"မင်းကြီး!..မင်း "

မယ်တော်အသားတစက်စက်တုန်ကာ
သူ့ကိုကြည့်နေသည် ကြင်ယာတော်အတွက်ဆို တိုင်းပြည်တစ်ခုလုံးပေးဖို့ ဝန်မလေးတဲ့ သားမိုက်ကို မယ်တော်မွေးခဲ့တာ မှားပြီးဆိုတဲ့
အကြည့်နဲ့ သူ့ကိုကြည့်နေသည်။

"ကျွန်တော့်ကိုခွင့်ပြုပါအုန်း "

မင်းကြီး မယ်တော်နန်းဆောင်ထဲ
ထွက်လာလိုက်သည်။

" ဝူကျီ မင်းကိုထားခဲ့တာ
ဝမ်ကြင်ယာတော်ကို
စောင့်ရှောက်ဖို့ မင်းအသက်ကို ကြင်ယာတော်အတွက် ပေးထားပါ "

" အမိန့်နာခံလျက်ပါ အရှင်

မင်းကြီး သူ့ကိုဒူးထောက်ခစားနေတဲ့
ဖန်ရင်းကိုကြည့်ကာ

" မင်းရောပဲ "

ဖန်ရင်းပြုံးကာ အရှင့်ကိုခေါင်းမော့ကြည့်လိုက်သည်။နောက်ဆုံးတော့ အရှင့် သူ့ကိုယုံပြီး တာဝန်ပေးအပ်ပြီ။

" ထွက်ခွာဖို့ အဆင့်သင့်ဖြစ်ပါပြီ အရှင့် "

စစ်သူကြီးလာရောက်လျှောက်ထားချက်ကြောင့် အရှင် ထွက်သွားသည်။ ဖန်ရင်းအရှင့်ကျောပြင်ကိုကြည့်ကာ

" ကျမ်းမာစွာနဲ့ ပြန်လာပေးပါ အရှင်
ဘာထိခိုက်ဒဏ်ရာမှ ရမလာပဲ ပြန်လာရမယ်နော် "

ဖန်ရင်းအရှင့်ကိုအော်ပြောလိုက်ပေမဲ့ အရှင်တစ်ချက်ကလေးမှ လှည့်မကြည့်ပဲ မြင်းပေါ်တက်ကာ ထွက်ခွာသွားသည်။

ရှင်ဘုရင်ရဲ့ကြင်ယာတော်Where stories live. Discover now