Part 22

10.7K 1K 31
                                    

Part 22

ဆောင်းရာသီကုန်သွားပြီး နွေဦးသို့
ရောက်ရှီလာသည်။ အခုဆို ကြင်ယာတော်ဝမ်လေး  အသက် ၁၅နှစ်ပြည့်ပြီး ၁၆နှစ်ထဲ ဝင်နေပြီဖြစ်သည်။ ကိုယ်ဝန်ရအောင် သမားတော်က
ဆေးနေ့တိုင်း တိုက်ခဲ့ပေမဲ့ မထူးခြားလာပေ။

"စိုးရွံမိပါတယ်အရှင် ဒီအချိန်လက်လျှော့ရင်..."

"လက်မလျှော့နိုင်ဘူး  "

"ဆေးတွေသောက်တာများရင် ဝမ်ကြင်ယာတော်အတွက် ဆိုးကျိုးရှီနိုင်ပါတယ် အရှင် "

"လိသမားတော် ကိုယ်တော်ကို
လက်လျှော့ဖို့မပြောနဲ့  "

"ဝမ်ကြင်ယာတော်အတွက် ဆိုးကျိုး..."

"သမားတော်လိကျိ! "

မင်းကြီးအော်သံကြောင့် သမားတော်လိကျိနဲ့
ဖန်ရင်းလန့်သွားသည်။ သမားတော်လိကျိလည်း
အတွန့်မတက်ရဲတော့ပဲ ဦးညွှန့်ဂါရဝပြုလိုက်သည်။

" အမိန့်နာခံလျက်ပါ "

"ထွက်သွားတော့ "

သမားတော်လိကျိထွက်သွားပေမဲ့
ဖန်ရင်းကျန်နေခဲ့ကာ

"အရှင် ဝမ်ကြင်ယာတော်သခင်လေးအတွက်
ဆေးအသစ်ဖော်စပ်ပြီး တိုက်ကြည့်ရင်ကောင်းမယ်ထင်တယ် "

"ကောင်းပြီဖန်ရင်း ငါ့ကိုယ်တော်မြတ် ခွင့်ပြုတယ် "

"ဆေးဖော်ဖို့ ယွမ်မိဥယျာဥ်ကို သွားခွင့်ပြုပါ အရှင်! "

"ကောင်းပြီ ခွင့်ပြုတယ် မြန်မြန် "

"အမိန့်တော်အတိုင်းပါ "

ဖန်းရင်းမင်းကြီးစောင့်ရှောက်ခိုင်းတဲ့ ကိုယ်ရံတော်တွေနဲ့ အတူတူ ယွမ်မိဥယျာဥ်တော်ကို ထွက်လာခဲ့လိုက်သည်။

🕌

"ရှင်းလေး! "

ဝမ်ယွမ်အိပ်နေရင်း ခန္ဓာကိုယ်ယားလာတာကြောင့်မင်းကြီးကိုနှိုးလိုက်သည်။

"ဝမ်ဝမ် ဘာဖြစ်လို့လဲ "

"ကျောကုန်းယားတယ် ကုတ်ပေး "

မင်းကြီးကဝမ်လေးကိုဖက်ကာ
ကျောကိုကုတ်ပေးလိုက်သည်။

"သက်သာလား ဝမ်ဝမ် "

ရှင်ဘုရင်ရဲ့ကြင်ယာတော်Where stories live. Discover now