Part 16

12.8K 1K 193
                                    

Part 16

"အဟင့်..ဟင့် "

  သားတော်လေးငိုသံကြောင့် ဝမ်လေး
သားတော်လေးကို ပြေးဖက်လိုက်သည်။

"ဘာဖြစ်တာလဲ အထိန်းတော်လန် "

"မိဖုရားဆုံးပါးသွားပါပြီ "

"ဘာ! "

ဖန်ရင်းဆေးပန်ကန်လွှတ်ကျသွားကာ
ထိုင်ချမိသည်။

" ဘာဖြစ်တာလဲ ဖန်ရင်း "

ဖန်ရင်းခေါင်းရမ်းကာ မျက်ရည်ကျလာသည်။ 

" ဖန်ရင်း..မေးနေတယ်လေ ဘာဖြစ်တာလဲလို့ "

ကျင်းရီအမေးကို မဖြေနိုင်ပဲ ဖန်ရင်းနန်းဆောင်ထဲက ပြေးထွက်လာခဲ့လိုက်သည်။

" အဖြူရောင်ဝတ်စုံပြင်ပေးပါ "

"ဟုတ်ကဲ့ သခင်မလေး "

ဝမ်ယွမ်သားတော်ကိုဖက်ပြီး သက်ပြင်းချနေမိသည်။

🕌

" မင်းကြီး သမားတော်ဖန်ရင်းက
တွေ့ခွင့်တောင်းပါတယ် "

" မြန်မြန်..မြန်မြန်ဝင်ခဲ့ခိုင်းလိုက် "

ဖန်ရင်းနန်းဆောင်ထဲ ဝင်ပြီး မင်းကြီးကို
ဒူးထောက်ခစားလိုက်သည်။

" ကျွန်တော့်မျိုးရဲ့ဆေးက မိဖုရားအတွက်လား မင်းကြီးရဲ့ဆယ်နှစ်​ကျော်နီးပါး ချစ်မြတ်နိုးခဲ့တဲ့ မိဖုရားကို...မိဖုရားကိုမှ "

ဖန်ရင်းမေးနေရင်း တုန်ယင်လာသည်။
  ဘုရင်ထလာပြီး သူ့ဆီလှမ်းလာကာ
အနားရောက်တော့ သူမေးကိုကိုင်ပြီး

" တုန်ယင်နေတာ ချစ်စရာလေးပဲ
ယောက်ကျားတစ်ယောက်ရဲ့
ကြောက်ရွံနေတဲ့ပုံစံက
ချစ်ဖို့ကောင်းသားပဲ "

"အရှင်မင်းကြီး "

"မင်းအရမ်းတော်တယ်...မင်းကိုဆုချရမယ် "

မင်းကြီးပြောပြီး သူ့လက်ကိုဆွဲကာ  အိပ်ဆောင်ထဲသို့ ခေါ်သွားသည်။

🕌🕌🕌

"အဟင့်...ဟင့် "

" တိတ်..တိတ် မယ်မယ်ရှီတယ်နော် "

ဝမ်ယွမ် ငိုနေတဲ့ သားတော်လေးကို
ချော့သိပ်လိုက်သည်။

" သူ အိပ်ပျော်သွားပြီ "

ရှင်ဘုရင်ရဲ့ကြင်ယာတော်Where stories live. Discover now