Part 21

11.3K 1.1K 41
                                    

Part 21

"အရှင်..အရှင် "

ကိုယ်တော်ဆီပြေးလာတဲ့ ဝမ်လေး သူနားရောက်ခံနီးခြေ​လျှော်သွားလို့ မှောက်ရပ်မလဲခင်
ကိုယ်တော်ပြေးထိန်းလိုက်သည်။

"ဘာလို့ပြေးလာတာလဲ လဲအောင်လို့ "

"ညကျရင် မိဖုရားကြီးဆီ
လက်ဖက်ရည်တစ်ခွက်သွားသောက်ပေးပါ "

  ဝမ်ဝမ်စကားကတမျိုးပါလား

"ဘာဖြစ်လို့လဲ "

"မိဖုရားကြီးက အရှင်မလာတော့
သားတော်ရဲ့အဆောင်မှာပဲ သားတော်ကို
အဖော်ပြုပေးနေလို့ပါ "

မင်းကြီးပြုံးလိုက်သည်။ ဒီလောက်ဆို
ကိုယ်တော်သဘောပေါက်သွားပြီဖြစ်သည်။ ၁၄နှစ်ကျော် ကလေးတစ်ယောက်အနေနဲ့ မိဖုရားကို
မတိုက်ခိုက်နိုင်မှန်း သူ့အစကတည်းက
သိထားသည်။

"ဝမ်လေးက မင်းသားလေးကို လွမ်းနေပြီလား "

"အရမ်းလွမ်းတယ် "

"ကောင်းပါပြီ ကိုယ်ဒီညရှင်းမိဖုရားနန်းဆောင်ကို
ကြွလိုက်ပါမယ် "

"လက်ဖက်ရည်သောက်ရုံပဲနော် "

ထိုစကားကြောင့် ကိုယ်တော်ကျေနပ်ကာပြုံးမိ၏။

"သဝန်တိုနေတာလား "

"အရှင်ကို သဝန်တိုခွင့်မရှီဘူး။ အရှင်အချစ်က အားလုံးကို ဖြန့်ကျဲပေးတယ်ဆိုပေမဲ့ ဝမ်ဝမ်ကတော့ အရှင်တခြားသူနဲ့ အိပ်ရင် ဒီရင်ထဲမှာ နာကျင်လွန်းလို့သေနိုင်တယ် "

"ကိုယ်ရဲ့ဝမ်ဝမ်ကစကားအရမ်းတက်တာပဲ "

မင်းကြီးဝမ်ဝမ်နှာခေါင်းကိုလက်နဲ့ထိလိုက်ပြီး
ပြောလိုက်သည်။

"ဝမ်ဝမ်ရဲ့နန်းဆောင်မှာပြန်ပြီး သားတော်လေးနဲ့ ထမင်းအတူတူစားဖို့ စောင့်နေလိုက်ပါ "

"တကယ်လား "

"တကယ်ပေါ့ ကိုယ်တော်ကိုမယုံဘူးလား "

"ကိုယ်တော်လို့မပြောပဲ ကိုယ့်ကိုလို့ပြောပေးပါလား မင်းကြီးနဲ့ ကျွန်တော့် နန်းတွင်း
စည်းမျဥ်းစည်းကမ်းမပါပဲ ယောက်ကျားချင်း
ပွင့်ပွင့်လင်းလင်း ​စကားပြောချင်တယ် "

ရှင်ဘုရင်ရဲ့ကြင်ယာတော်Tahanan ng mga kuwento. Tumuklas ngayon