Part 7

13.6K 1.2K 21
                                    

Part 7

ဝမ်ယွမ်ရေချိုးပြီး ခုံမှာထိုင်ကာ မှန်ရှေ့
သူ့မျက်နှာကိုကြည့်ပြီး ပြုံးနေမိ၏

"သခင်မလေးဆံပင်ကိုကျွန်တော်ဖြီးပေးမယ် "

မှန်ကြည့်ပြီး ပြုံးနေတဲ့ ကြင်ယာတော်နား
ဖန်ရင်းလာကာ ပြောလိုက်သည်။

" အင်း ဖန်ရင်း "

" ဒီညမင်းကြီးမလာလောက်ပါဘူးနော် "

"ဘာဖြစ်လို့လဲ သခင်မလေး "

" ဆံထုံးမထုံးချင်ဘူး "

" လခြမ်းပုံစံဆံထိုး ကျွန်တော်ထုံးပေးမယ်
သခင်မလေးစိတ်အပြောင်းအလဲဖြစ်အောင်
ပြောတာပါ လုပ်ချင်လား"

"အင်း "

" ဒီအတိုင်းလည်းလှပါတယ် "

အသံကြောင့်လှည့်ကြည့်လိုက်တော့
မင်းကြီးဖြစ်၏ ဖန်ရင်းနဲ့ ဝမ်ယွမ် မင်းကြီးကိုဒူးထောက်ခစားလိုက်သည်။

" အရိုအသေပြုစရာမလိုဘူး ထကျပါ "

" ကျေးဇူးကြီးမြတ်ကြောင့်ပါ အရှင်မင်းကြီး "

မင်းကြီး သမားတော်ဆီကခေါင်းဖြီးတဲ့ဘီးတောင်းလိုက်ပြီ သမားတော်ကိုအပြင်ထွက်ခိုင်းလိုက်သည်။

" ထိုင် ကိုယ်တော်ခေါင်းဖြီးပေးမယ် "

ဝမ့်လေးထိုင်လိုက်သည် မင်းကြီးကသူဆံပင်ကိုဖြီးပေးနေသည်။

" ဆံထိုးမထုံးချင်ရင်မထုံးနဲ့ ဆံပင်ရဲ့အလယ်မှာကျစ်စံမြီးကျစ်ပြီး ချထားလို့ရတယ် "

"မသင့်တော်ပါဘူး မင်းကြီး "

"ကိုယ်တော်ကျစ်ပေးမယ် "

မင်းကြီးကဆံပင်ရဲ့ဘေးနှစ်ဖတ်အလယ်ကိုယူကာ သူ့ကိုကျစ်စံမြှီးကျစ်ပေးနေသည်။

" ချစ်စရာကောင်းတယ် "

မင်းကြီး​ရဲ့မြှောက်ပင့်ပြောဆိုမှုကြောင့်
ဝမ်ယွမ်ပြုံးလိုက်သည်

" ဝမ်ယွမ် "

သူနာမည်ခေါ်လိုက်တာကြောင့် ဝမ်ယွမ်လန့်သွားသည်။

" ကြင်ယာတော်ဆီမှာ ဝမ်ယွမ်ဆိုတဲ့မောင်ရှီတယ်လို့ကြားတယ် "

ရှင်ဘုရင်ရဲ့ကြင်ယာတော်Where stories live. Discover now