Part 13
စာကြည့်ဆောင်
🕌
"မင်းကြီး...မင်းကြီး "
မင်ရန်ရှင်း အမတ်တွေရဲ့လျှောက်တင်လွှာတွေကို တံဆိပ်တုံးနှိပ်နေတုန်း သူ့ကိုအော်ခေါ်ပြီး ပြေးလာနေတဲ့ ကြင်ယာတော်ကို ကြည့်လိုက်သည်
"'ဖြည်းဖြည်းသွားပါ သခင်မလေး "
ပန်းကန်ကိုင်ပြီးပြေးလာတဲ့ ကြင်ယာတော်ကို နောက်ကနန်းတွင်းသူတွေ လိုက်ထိန်းနေကျသည်။ ကျွန်တော့်သူ့ကို အရှီတိုင်းဆက်ဆံလိုက်တော့
ကြင်ယာတော်က အရင်ကနဲ့ မတူပဲ ပိုချစ်ဖို့ကောင်းလာသည်။ ရင်ကျက်ချင်ယောင်လည်းမဆောင်တော့ပေ။ သူ့အတွက်ကြောက်စရာကောင်းတဲ့ နန်းတွင်းက ပျော်စရာဖြစ်လာသည်။"သခင်မလေး ဖြည်းဖြည်း "
ကြင်ယာတော်ကိုလိုက်ထိန်းရင်း နန်းဆောင်ထဲဝင်လာတဲ့ နန်းတွင်းသူကိုမင်းကြီးလက်ခါပြလိုက်တော့ သူတို့နောက်ဆုတ်ပြီးအဆောင်အပြင်မှာ ထွက်ရပ်နေကျသည်။
" မင်းကြီး "
ကြင်ယာတော်မုန့်ပန်းကန်ကို ကျွန်တော့်ရှေ့ချလိုက်တာနဲ့ ကျွန်တော့်နဲ့အားနင် ရယ်လိုက်မိသည်။
"ဘာရယ်တာလဲ "
နှာထိပ်မှာအိုးမဲပေနေတဲ့ ကြင်ယာတော်ကို
မင်ရန်ရှင်းလက်ကိုင်ပုဝါနဲ့ သုတ်ပေးလိုက်သည်။" ဟီးဟီး...ကျွန်တော့်ရုပ်ကကြည့်ရဆိုးနေတာလား "
"ကြင်ယာတော်ကိုယ်တိုင်
စာဖိုးဆောင်ကိုဝင်ခဲ့တာလား ""အင်း..အားနင် မင်းလည်းစားကြည့်..ခဏ
အရှင်ကိုအရင်ကျွေးလိုက်အုန်းမယ် "ဝမ်ယွမ်လေးပြောလည်းပြောမုန့်လည်းယူကာ
အရှင့်ပါးစပ်နားတေ့ပေးလိုက်သည်။" ဘယ်လိုလဲ စားကောင်းလား "
မင်းကြီး ကြင်ယာတော်ခွံကျွေးတဲ့
မုန့်ကိုကိုက်လိုက်သည်။" အရှင်...ဘယ်လိုလဲ စားကောင်းလားလို့ "
ရန်ရှင်း ရှူံမဲ့ပြီးခေါင်းရမ်းလိုက်သည်။