Part 8

13.6K 1.2K 36
                                    

Part 8

တစ်လခန့်ကြာသော်

" မင်းကြီးကထူးဆန်းတယ်လို့မထင်ဘူးလား
သခင်လေး "

ဝမ်ယွမ် ကျင်းရီအမေးကြောင့်
ကျင်းရီကိုကြည့်လိုက်ကာ ခေါင်းရမ်းလိုက်သည် 

" ကျင်းရီပြောတာမှန်တယ်
မင်းကြီးကအရမ်းထူးဆန်တယ် "

မိန်းကလေးအားယုန်ကပါပြောလာသည်။

"ဘာဖြစ်လို့လဲ အားယုန် "

"မင်းကြီးက သခင်လေးဆီညတိုင်းလာတယ်
အဲ့လို့လာတိုင်းလည်း ကျွန်တော့်မျိုးမတို့အရမ်းတိတ်လန့်ပြီးကြောက်နေရတယ် "

" ဟုတ်တယ်မင်းကြီးလာတိုင်း
နေစရာနေရာကိုမရှီဘူး ဘယ်ချိန်အမှန်တရားပေါ်မလဲဆိုပြီး ကြောက်ရွံလွန်းလို့ ဒူးတောင်တုန်တယ် မင်းကြီးကတော့ သခင်လေးကို တစ်ညမှထိမသွားဘူး  "

ဝမ်လေးပြုံးရယ်လိုက်၏

" ဘာလို့ရယ်တာလဲ သခင်လေး
လန့်နေပါတယ်ဆိုမှ "

" သခင်လေးမပြုစုတာ မင်းကြီးက
အပြစ်မတင်ဘူး ထူးဆန်းလိုက်တာ "

  အားယုန်ကပါနားမလည်စွာပြောသည်။

"အရှင်ကငါ့ကိုသိပ်ချစ်တာ ငါ့ခန္ဓာကိုယ့်ကိုမထိမကိုင်တွယ်ရလည်း ငါ့နဲ့အတူတူနေရင်းကို ပျော်တယ်ထင်တယ်..ဟီးဟီး "

   ကြင်ယာတော်ပြုံးနေတာကြောင့် ကျင်းရီ..အားယုန်..ဖန်ရင်းတို့ပါ လိုက်ပြုံးမိသည်။

" သခင်လေး​ရောက်စနဲ့မတူတော့ဘူး
သခင်လေးမကြောက်တော့ဘူးလား မင်းကြီးက ဘယ်လောက်ကြာကြာ စည်းစောင့်နိုင်မှာမို့လို့လဲ "

"ကျင်းရီ..သခင်မလေးကိုစိတ်ညစ်အောင်မပြောပါနဲ့ "

" သခင်လေးသတိထားဖို့ပြောကိုပြောရမယ် အမတ်ကြီးက သခင်လေးကို မင်းကြီးမချစ်အောင်နေရမယ်လို့ ပြောထားတာမေ့သွားပြီလား စစ်ရန်..အခုလိုမင်းကြီးက သခင်လေးကိုချစ်တာကိုး ဝမ်အမတ်ကြီးသိရင် သွေးတက်ပြီး သေလောက်တယ် "

"အဖေကိုမပြောပါနဲ့ ကျင်းရီ "

" ကျွန်တော်မျိုးအဲ့လောက်တော့ သိပါတယ်
သခင်လေး "

ရှင်ဘုရင်ရဲ့ကြင်ယာတော်Where stories live. Discover now