Part 5

14.1K 1.2K 26
                                    

Part 5

  ပါးကိုထိတွေ့တဲ့အထိအတွေ့ကြောင့် ဝမ်လေးမျက်စီဖွင့်ကြည့်လိုက်တော့ သူကိုငုံကြည့်နေတဲ့ မင်းကြီးကိုတွေ့ရ၏

" မထနဲ့..ဒီအတိုင်းပဲလှဲနေပါ "

သူထမလို့လုပ်တော့ မင်းကြီးက
လှဲနေခိုင်းတာကြောင့် ဝမ်လေးခေါင်းညိတ်လိုက်သည်။

" နှူးညံတဲ့ပါးလေးကယောင်နေတာပဲ"

ဝမ်ယွမ်ဘုရင်ကိုမျက်လုံးအဝိုင်းသားနဲ့ပဲ
ကြည့်နေ၏

" ဒီကိစ္စကို မိဖုရားနဲ့ ကိုယ်တော်ရှင်းပါမယ်
ကြင်ယာတော်ကြောက်ဖို့မလိုပါဘူး "

" မိဖုရားအပြစ်မဟုတ်ပါဘူး
ကျွန်တော့်မျိုးမအပြစ်ပါ "

" ဝမ်ဝမ်လိုပြောပါ "

" ကျွန်မမပြောရဲ့ပါဘူး မင်းကြီး "

မင်းကြီးသက်ပြင်းချလိုက်သည်

" ကြောက်စရာမလိုဘူး ဘယ်သူ့ကိုမှကြောက်ဖို့
မလိုဘူး ကိုယ်တော်ကိုလည်းမကြောက်နဲ့ "

ကြင်ယာတော်ပြန်မဖြေပဲ သူ့ကိုမျက်လုံးအဝိုင်းသားနဲ့ ကြည့်နေပြန်၏

" အိပ်တော့ "

ဝမ်လေးဘေးကိုတိုးကာ
နေရာအလွတ်ကိုလက်နဲ့ပြပြီး

" ကျွန်မဘေးမှာလာအိပ်ပါ့လား "

" မအိပ်တော့ပါဘူး ဒီအတိုင်းပဲထိုင်နေပြီး
ဝမ်လေးကိုကြည့်နေမယ် "

" မင်းကြီးကြည့်နေရင် ကျွန်မအနေရခက်ပါတယ် မင်းကြီးကျန်းမာရေးထိခိုက်မှာလည်း စိုးရိမ်တယ် "

   စိတ်ပူပေးတဲ့ဝမ်ကြင်ယာတော်အပြောကြောင့်ရန်ရှင်းပြုံးရယ်လိုက်သည်။

" အခုမှပဲ စကားတွေအများကြီးပြောတော့တယ် ကိုယ်တော်နဲ့ တစ်ညလုံးစကားပြောကျမလား "

" မင်းကြီးပြောတာကို ကျွန်မတစ်ညလုံးနားထောင်ပေးပါမယ် မင်းကြီးအရင်လှဲလိုက်ပါ "

မင်းကြီးလှဲလ်ိုက်တော့ ကြင်ယာတော်ထပြီး
ကုတင်ပေါ်မှာ ဒူးတုတ်ထိုင်လိုက်၏

" ဘာလုပ်တာလဲ "

" ကျွန်မနားထောင်ရန် အဆင့်သင့်ဖြစ်နေတာပါ "

ရှင်ဘုရင်ရဲ့ကြင်ယာတော်Where stories live. Discover now