Part 14

13.2K 1.2K 43
                                    

Part 14

"အွန့် "

ဝမ်လေးအန်ချင်တာကြောင့် ပါးစပ်ကိုလက်နဲ့
ပိတ်ထားလိုက်သည်။

"သခင်မလေး ဘာဖြစ်တာလဲ "

"အန်ချင်လို့ထင်တယ် ထွေးခံမြန်မြန် "

ကျင်းရီ ထွေးခံယူပေးလိုက်တော့ ဝမ်လေးထွေးခံထဲအန်ချလိုက်သည်။

" အအေးပတ်သွားတယ်ထင်တယ်
နန်းတွင်းသမားတော်သွားခေါ် "

"'နန်းတွင်းသမားတော်ခေါ်လို့မှ မရတာ
ဖန်ရင်းကော "

" ဖန်ရင်းက နန်းတွင်းဆေးခန်းမှာ
အလုပ်လုပ်နေတယ် "

အားယုန်စကားကြောင့် ကျင်းရီစိတ်ရှုပ်သွားကာ

" သူအလုပ်က ကြင်ယာတော်နားမှာနေပေးရမှာကိုး ဘယ်တွေလျှောက်သွားနေပါလိမ့် "

" ကျွန်တော့်ဘာမှမဖြစ်ပါဘူး ကျင်းကိုကို "

"ခဏလှဲနေလိုက် ဆေးသွားယူလိုက်မယ် "

ဝမ်လေးလှဲနေတုန်း

"မယ်မယ်လေး..မယ်မယ်လေး "

"သားတော် "

မင်းသားနောက်ကို ရံရွှေတော်တွေလိုက်ဖမ်းပြီး
မင်းသားလေး
သူဆီပြေးလာတာကိုတွေ့ရသည်။  ဝမ်လေးထရပ်လိုက်တာနဲ့ မင်းသားလေးကသူ့ခြေသလုံးကို လာဖက်သည်။

" ကြင်ယာတော်မြင်တာတောင်
ဒူးမထောက်သေးဘူးလား "

မင်းသားလေးနောက်လိုက်လာပြီး အိပ်ဆောင်ထဲထိဝင်ရဲတဲ့ အထိန်းတော်နှစ်ယောက်ကို ကျင်းရီက ငေါက်လိုက်သည်။

"ကြင်ယာတော်ကို ဂါရဝပြုပါတယ်
ကြင်ယာတော်သက်ရှည်ကျန်းမာပါစေ "

  ဝမ်လေး သားတော်ကို သူပေါင်ပေါ်ကိုချီထိုင်လိုက်သည်။

"မယ်မယ် သားကိုမလွမ်းဖူးလားဟင် "

" လွမ်းတာပေါ့ သားတော်ကိုမယ်တော်အရမ်းလွမ်းတယ် "

" မင်းသားလေး မြန်မြန်အရှေ့အဆောင်ကိုပြန်သွားမှ ဖြစ်ပါမယ် "

" မသွားဘူး..မသွားဘူး မယ်မယ်နဲ့ဆော့အုန်းမှာ "

"မင်းသားလေး မိဖုရားကြီးကဒဏ်ပေးတာခံချင်လို့လား အတူတူသွားရပါမယ် "

ရှင်ဘုရင်ရဲ့ကြင်ယာတော်Where stories live. Discover now