Part 19

12K 1K 45
                                    

Part 19

"သခင်လေး အိပ်ရာကနိုးပြီလား "

ဝမ်လေးထထချင်းကျင်းရီမေးတာကြောင့် ခေါင်းညိတ်လိုက်သည်။

"ရေမြန်မြန်ချိုးရမယ်..
နန်းတက်ပွဲမမှီပဲနေဦးမယ် "

"မိဖုရားကြီးရဲ့ နန်းတက်ပွဲကို
အရှင်က ကြင်ယာတော်ကို မလာစေချင်ဘူး "

"ဘာကြောင့်လဲ "

"နန်းတက်ပွဲမှာ အမတ်တွေအားလုံး ပြည်သူရဲ့ရှေ့မှာမိဖုရားကြီးက ဘုရင်နားမှာထိုင်ရမှာ
ကြင်ယာတော်က အောက်ကဘေးခုံမှာထိုင်ရမှာ "

ကျင်းရီရှင်းပြတာကိုးနားထောင်ပြီး

"နေရာက အဓိကမကျပါဘူး
မြန်မြန်ပြင်ဆင်ပေး "

"အရှင့်အမိန့်ပါ သခင်လေး "

ဝမ်လေးသက်ပြင်းချကာခေါင်းညိတ်လိုက်သည်။

🕌

"သခင်မလေးရေချိုးပြီးပြီလား "

"အင်း

"ဆေးယူလာတယ် သောက်လိုက်ပါ သခင်မလေး "

"ဖန်ရင်း ဘာလို့ကျွန်တော့်ကို နေတိုင်းနေ့
အဝင်ဆိုးတဲ့ ဆေးတွေတိုက်ရတာလဲ "

" သခင်မလေးကျန်းမာရေးကြောင့်ပါ ပြီးတော့ သခင်မလေး အပြင်မှာသမားတော်လိရောက်နေတယ် အထဲခေါ်လိုက်မယ် "

"ဘာလို့လဲ "

"သခင်မလေးကိုစမ်းသပ်ဖို့ပါ "

"ဘာလို့ကျွန်တော့်ကို စမ်းသပ်မှာလည်း "

"ဘုရင်အမိန့်ကြောင့်လာတာပါ "

ဝမ်လေးထပ်ပြီးသက်ပြင်းချကာ လှဲအိပ်လိုက်သည်။ သမားတော်ကသူ့ကိုဗိုက်လှန်ခိုင်းပြီး အပ်စိုက်တာကြောင့် သူအော်လိုက်မိသည်။

"အား.."

"မယ်မယ်နာသွားလား "

ဝမ်လေးခေါင်းညိတ်လိုက်သည်။

"ကျွန်တော်မျိုးတောင်းပန်ပါတယ် မယ်မယ် "

"ရပါတယ် "

  အရှင်က ကျွန်တော့်ကိုဘာတွေလုပ်နေတာလဲ ကျွန်တော့်ကအပြစ်သားပါ ဒါပေမဲ့ အရှင်ကကျွန်တော့်ကိုအပြစ်သားလို့ မမြင်ခဲ့ဘူး။ ကျွန်တော့်ကို
မြတ်မြတ်နိုးနိုးထားပြီး အရမ်းလည်း ဂရုစိုက်သည်။ ထိပ်ကိုလည်းရောက်စေချင်တယ်။ ကျွန်တော့်မိဖုရားကြီးဖြစ်မှ ညီလာခံမှာ အရှင်နဲ့တွဲထိုင်ရမှာ အဲ့ဒါကိုအရှင်ကလိုချင်ခဲ့တာလား
ဝမ်ဝမ် တွေးရင်းတွေးရင်း ဆေးအရှိန့်ကြောင့် အိပ်ပျော်သွားသည်။

ရှင်ဘုရင်ရဲ့ကြင်ယာတော်Where stories live. Discover now