Part 10

14.4K 1.2K 56
                                    

Part 10

ရင်ဟိတ်ဆောင်

"မိဖုရားကို ဂရဝပြုပါတယ် "

" ထစမ်း "

ဝမ်ယွမ်ထရပ်လိုက်သည်

" ရုပ်ရည်ကလွှဲပြီး ကျန်တာဘာမှ
သုံးစားလို့မရဘူးပဲ "

"ဟုတ်ပ မမရယ် "

မိဖုရားတွေအကုန်လုံး သူ့ကိုကြည့်ကာ
လှောင်ပြောင်နေကျ၏

" မင်းကြီး ကြွချီတော်မှုလာပါပြီ  "

အသံကြောင့် မိဖုရားတွေ ထိုင်နေရာကနေ
ချက်ခြင်းထရပ်လိုက်ကျသည်။

" မင်းကြီးကို ဂရဝပြုပါတယ် "

" အားလုံးထကြပါ "

မင်းကြီးပြောပြီး မိဖုရားနှစ်ယောက်ရဲ့အလယ်မှာ သွားထိုင်နေသည်။ ဝမ်ယွမ်လည်း ဘေးခုံမှာဝင်ထိုင်လိုက်သည်။

" အားလုံးစုဝေးနေတာပဲ
ဘာအကြောင်းတွေပြောနေကျတာလဲ "

"နန်းတွင်းကသခင်မတွေအားလုံးက ကြင်ယာတော်မျက်နှာကို မတွေ့ဖူးကျဘူးအရှင်
အဲ့ဒါကြောင့် သခင်မတွေအားလုံးကို
ကျွန်မအဆောင်ကိုလာခိုင်းတာပါ "

" မိဖုရားကြီး မင်းဥာဏ်တိမ်သွားပြီလား "

" မင်းကြီး "

မင်းကြီးစကားကြောင့် မိဖုရားကြီး
မျက်နှာပျက်သွားသည်။

" ကြင်ယာတော်က ကိုယ်တော့်အတွက်
မယ်တော်ချီးမြှင့်ထားတဲ့သူပါ  နန်းတွင်းအပျိုတော်ရွေးချယ်ပွဲကနေ ကိုယ်တော့်အချစ်ကိုရမှ
သခင်မဖြစ်လာတဲ့သူမဟုတ်ဘူးဆိုတာ
မိဖုရားကြီး မသိတာလား မလေ့လာထားတာလား  "

"မင်းကြီး ကျွန်မကအဆောင်ခြောက်ဆောင်ကို အုပ်စိုးရတဲ့ မိဖုရားကြီးပါ "

"ဟုတ်ပါတယ် ကိုယ်တော်အဲ့ဒါကိုမမေ့ပါဘူး မင်းမှာအာဏာအပြည့်အဝရှီပါတယ်။ မင်းတွေ့ချင်ရင်
ကြင်ယာတော်က လာခစားရမှာဖြစ်ပေမဲ့ တခြားမိဖုရားတွေ သခင်မတွေတွေ့ချင်ရင်
ကြင်ယာတော်က လာခစားရမဲ့သူမဟုတ်ဘူး "

  မင်းကြီးစကားကြောင့် မိဖုရားတွေနဲ့ သခင်မအားလုံး ထိုင်ခုံမှာထိုင်ရင်းကနေ အားလုံးဒူးထောက်ထိုင်ချလိုက်ကာ တုန်ယင်နေကျသည်။

ရှင်ဘုရင်ရဲ့ကြင်ယာတော်Where stories live. Discover now