Part 1

50K 1.7K 35
                                    

Part 1

  ဝမ်အိမ်တော်မှာ အစ်မတော်ပျောက်နေတာကြောင့် အားလုံးဝိုင်းရှာနေကျ၏

" သခင်လေး...သခင်လေး!
သခင်မလေးက ရေကန်ထဲမှာ "

"ဘာ! "

  ဝမ်သခင်ကြီးနဲ့ ဝမ်ယွမ်ပြေးကြည့်လိုက်တော့
ရေထဲမှာပေါ်လာတဲ့ အစ်မတော်အလောင်းကို
တွေ့ရလေသည်။

" ဒါဘယ်သူ့လက်ချက်လဲ..ဒါဘယ်သူလက်ချက်လဲ သမီးတော်...သမီးတော်! "

အမေနဲ့အဖေငိုနေသလို ဝမ်ယွမ်လည်းကြည့်ရင်း မျက်ရည်ကျနေမိသည်။

" အလောင်းကို တိတ်တဆိတ်ရှင်းလိုက် "

" အမတ်ကြီး! "

"တိတ်တဆိတ်ရှင်းလိုက်ပါ..သားတော်
အခန်းထဲဝင်လာခဲ့ "

ဝမ်ယွမ်နဲ့အမေ အဖေခေါ်ဆောင်ရာနောက်ကို
လိုက်လာခဲ့လိုက်သည်။  အခန်းထဲရောက်တော့
အဖေက သူအပေါ်ကခြုံထားတဲ့ ခြုံထည်ကိုဆွဲချွတ်လိုက်သည်။

" အဖေ "

"သား..မင်းအစ်မနေရာကို အစားဝင်ရမယ် "

" အမတ်ကြီး ဘာပြောလိုက်တာလဲ "

"ဟုတ်တယ်ရှင်မ ငါ့တို့သားက
ကြင်ယာတော်နေရာကို အစားဝင်မှဖြစ်မယ် "

" ဒါ..ဒါကဘုရင်သိသွားရင်သေဒဏ်ပဲ "

အမေက သူကိုကြည့်ပြီး တိတ်လန့်စွာဆိုလေ၏

"အခုကောဘာထူးလို့လဲ သမီးတော်သေမှန်းသိရင်
ကိုယ်တို့တစ်အိမ်သားလုံးအသတ်ခံရမှာ "

" အဟင့်..ဟင့် ကျွန်မသမီးကိုဘယ်သူ့သတ်တာလဲ "

" အစ်မတော်ကိုသတ်တဲ့သူကိုကလဲ့စားချေရမယ် "

" အစ်မတော်ကိစ္စကိုမေ့လိုက်ပါသားတော်
မမေ့နိုင်ရင်သားတော် အန္တရာယ်များတယ်။ အခုသားတော်မျက်နှာကို ဖုံးအုပ်ထားစရာမလိုတော့ဘူး။ မိန်းကလေးတွေထက်ချောနေတဲ့ သားတော်ကို
ဘယ်သူမှယောက်ကျားလေးလို့ မမြင်ခဲ့ဘူး။ ယုံလည်းမယုံကြည့်ခဲ့ကျဘူး။ ချောမောလှပလွန်းတဲ့ရုပ်ရည်ကြောင့် အမြဲတမ်းသားတော်အိမ်ထဲမှာ ပုန်းနေခဲ့ရတယ်။ အခု..အခုတော့ သားတော်အစ်မတော်ဝမ်ယင်အစားဝင်ရမယ်  "

ရှင်ဘုရင်ရဲ့ကြင်ယာတော်Where stories live. Discover now