Part 27

9K 827 52
                                    

Part 27

"သောက်လေ ညီမလေးဘာစဥ်းစားနေတာလဲ "

ဝမ်ယွမ်အားဆေးခွက်ကိုယူလိုက်ပြီး မော့သောက်ဖို့အလုပ် အားယုန်ကသူခန္ဓာကိုယ့်ကိုတွန်းလိုက်သည်။

ခွမ်း!

" တောင်းပန်ပါတယ် သခင်မလေး "

ဝမ်ယွမ် အားယုန်ပါးကိုချလိုက်သည်။

ဖြန်း!

အားယုန်ပါးချခံရပြီး ဒူးထောက်ခစားလိုက်သည်။

" အစေခံက အတင့်ရဲလို့ ငါ့ပေးတဲ့ဆေးကို တိုက်ချရဲတယ် လာကျစမ်း ဒီအစေခံကို ဆွဲထုတ်သွားပြီး သတ်ပြစ်လိုက် "

မိဖုရားအသံကြောင့် အစောင့်နှစ်ယောက်အထဲဝင်လာသည်။

" မမ အားယုန်က ဆေးကိုတိုက်ချတာမဟုတ်ပါဘူး ကျွန်တော့်ကိုယ်ကိုတွန်းလိုက်တာပါ "

"ကြင်ယာတော်ရဲ့ ခန္ဓာကိုယ့်ကိုတွန်းတာလည်း သေဒဏ်ပေးသင့်တယ် ညီမလေး "

" ဝမ်ဝမ်အစေခံကို ဝမ်ဝမ်ပဲအပြစ်ပေးပါမယ် အားလုံးထွက်သွားကျ "

ဝမ်ကြင်ယာတော်စကားကြောင့်
အစောင့်တွေထွက်သွားသည်။

" ကောင်းပါပြီ ညီမလေး နားလိုက်ပါတော့ "

မိဖုရားကြီး ထွက်သွားမှ ဝမ်ဝမ်သက်ပြင်းချနိုင်တော့သည်။

"ကလေးလေး မယ်မယ်ရဲ့ကလေးလေး "

ဝမ်ဝမ်ဗိုက်ကိုပွတ်ပြီး ပြောနေမိသည်။

" မမအားယုန် ကျေးဇူးတင်ပါတယ် "

"ရပါတယ် သခင်လေးလည်း ကျွန်မပါးကိုရိုက်ပြီး ကာကွယ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် မိဖုရားကြီးက သံသယဝင်ပြီး ကြိမ်ဒဏ်ဖြစ်ဖြစ် သေဒဏ်ဖြစ်ဖြစ်ပေးခံရမှာ "

ကျင်းရီ ဖန်သမားတော်ကိုခေါ်လာပြီး မှောက်သွားတဲ့ ဆေးရည်ကို တန်းစစ်ဆေးကြည့်ခိုင်းလိုက်သည်။

" ဘာဆေးတွေလဲ ဖန်သမားတော် "

ကြင်ယာတော်မေးတော့ ဖန်ရင်းညာလိုက်မိသည်။

" ဘာမှမဟုတ်ပါဘူး "

" သေချာလို့လားဖန်သမားတော် မိဖုရားကြီးက သခင်မလေးကို တကယ့်အားဆေးတိုက်ခဲ့တာလား "

ရှင်ဘုရင်ရဲ့ကြင်ယာတော်Where stories live. Discover now