Part 17

13.1K 1.1K 143
                                    

Part 17

" ပင်ပန်းနေပြီလား "

အားနင်း အရှင်ကိုစမ်းသပ်နေသော
ဖန်သမားတော်ကိုမေးလိုက်သည်။

"မပင်းပန်ပါဘူး အရှင်ဘာကြောင့်
အဲ့အဆိပ်မိသွားတာလဲ "

"မိဖုရားကိုအယုံသွင်းဖို့
အရှင့်ပါသောက်လိုက်ရတယ် "

"အဲ့တာဘာလို ကျွန်တော့်ကိုချက်ခြင်းအကြောင်းမကြားတာလဲ ကျွန်တော်မလာရင် မင်းကြီးပါသေမှာ "

"အခြေအနေက ချက်ခြင်းအကြောင်းကြားလို့မရဘူး ပြီးတော့ မိဖုရားသေတဲ့ သတင်းကြားပြီး မင်း
တန်းလာမယ်ဆိုတာ သိထားတယ် "

ဖန်ရင်းအိပ်ပျော်နေသော
အရှင့်မျက်နှာကို ကြည့်နေမိသည်။

"မင်းဝတ်စုံမှာ သွေးတွေပေသွားပြီ "

ဖန်ရင်းသွေးတွေကိုကြည့်ပြီး အစောနအဖြစ်အပျက်ကိုပြန်စဥ်းနေမိသည်။

"အရှင်...အရှင်ဘာလုပ်တာလဲ "

မင်းကြီးသူကိုခေါ်ပြီး အိပ်ဆောင်ထဲရောက်မှ 
သူ့လက်ကိုဆုပ်ကိုင်ကာ

" ငါ ..ငါကော သေရမှာလား အဲ့ဒီအဆိပ်ကို
ငါ့လည်းသောက်မိသွားတယ် "

"အရှင်! "

ဖန်ရင်း အံသြနေတုန်း အရှင်ခန္ဓာကိုယ်ယိုင်ကျသွားတာကြောင့် အရှင်ကို အိပ်ရာပေါ်လှဲစေလိုက်သည်။ သူအခန်းပြင်ပြေးထွက်တော့ ဝူကျိကသူ့ကိုဓားနဲ့ထောက်ကာ

" ဘယ်ပြေးမလို့လဲ "

" ဆေး..ဆေးသွားယူမလို့ပါ "

"နန်းတွင်းဆေးခန်းကို ဆေးသွားယူရင် မင်းကြီးကိုမသင်္ကာဖြစ်ကျမှာပေါ့ "

"အဲ့တာဆိုအပြင်..."

"လိုတာပြော ဒီအဆောင်ထဲက ခြေတစ်လှမ်းမလှမ်းနဲ့ "

ဖန်ရင်းဆေးစပ်ဖို့ စဥ်းစားနေတန်း

"ဟွားချန်ပန်း အဲ့ပန်းသာရအောင်ခူးခဲ့ပေးပါ "

"သိပြီအထဲပြန်ဝင်နေ  "

သူ့အထဲပြန်ဝင်တော့ မင်းကြီးဆီက ယောင်သံကို ကြားရသည်။

"ဝမ်လေး...ဝမ်လေး "

လက်ကိုမြှောက်ပြီးယောင်နေတာကြောင့်
သူ့မင်းကြီးလက်ကို ကိုင်ထားလိုက်သည်။

ရှင်ဘုရင်ရဲ့ကြင်ယာတော်Where stories live. Discover now