Part 28

9.2K 836 26
                                    

Part 28

မင်းကြီးအဆောင်ပြန်ရောက်တော့
သူ့ကိုစောင့်​ေိသောဖန်ရင်းကို တွေ့ရသည်။

" မင်း..မင်းလုပ်ရက်တယ် ငါ့မင်းကို
ဘယ်လောက်ယုံကြည့်ခဲ့လဲ "

မင်မင်းကြီးသမားတော်ရဲ့ပုခုံးနှစ်ဖတ်ကို
ကိုင်လှုပ်ပြီးပြောလိုက်သည်။

" အရှင်..အရှင်က ယောက်ကျားတွေကြိုက်တယ် မဟုတ်လား ကျွန်တော့်ကိုချစ်စရာကောင်းတယ်ပြောခဲ့ပြီး ဘာလို့မထိခဲ့တာလဲ "

"ဘာ! "

ဖန်သမားတော်စကားကြောင့် မင်းကြီး
အံအားသင့်သွားပြီး သမားတော်ကိုတွန်းလွှတ်လိုက်သည်။ 

" မင်း.."

"အရှင်က ကျွန်တော့်စိတ်ကိုတိမ်းညွှတ်အောင်လုပ်ပြီး ကျွန်တော့်ကိုခိုင်းစားခဲ့တယ်။ ကျွန်တော့်ကတော့ အရှင်အကြည့် အရှင်အပြောအောက်မှာကျဆုံးပြီး အရှင်ကိုချစ်ခဲ့တယ် "

"ငါ့ကိုယ်တော်ကိုချစ်လို့ ဝမ်ကြင်ယာတော်ကို လုပ်ကြံခဲ့တယ်ပေါ့  "

"ကျွန်တော့်မရည်ရွယ်ပါဘူးရှင်းမိဖုရားက
ကျွန်တော့်ကိုရိုးရိုးမသတ်ပဲ လျှာဖြတ်ဖို့
လုပ်တာကြောင့် ဝန်ခံလိုက်တာပါ ကျွန်တော်လျှာပြတ်ပြီး စကားမပြောနိုင်လို့မဖြစ်ဘူးလေ 
ကျွန်တော့်အရှင်ကိုချစ်ကြောင်းပြောဖို့လိုတယ် "

"ဘာ!..ငါမိဖုရားတွေအများကြီးနဲ့ ညအိပ်ခဲ့တယ် တစ်ခါတစ်ရံချစ်စရာကောင်းတယ်လို့လည်း ပြောခဲ့တယ် ဆုံးသွားတဲ့မိဖုရားကြီးကလွဲပြီး ဘယ်သူ့ကိုမှ ငါရင်ထဲကပါလို့  ပြောခဲ့တာမရှီဘူး မင်းကိုတော့​ငါ့ပြောမိတယ် အဲ့စကားက
ငါ့ကိုယ်တော်ဘဝအတွက် အကြီးမားဆုံး
အမှားတစ်ခုဆိုတာ ငါသိလိုက်ရတော့
တော်တော်နောက်ကျသွားပြီပဲ
ငါ့ရဲ့စကားတစ်ခွန်းက ရိုးသားတဲ့မင်းကိုပြောင်းလဲလိုက်တာပဲ "

"အရှင် "

"ငါဘဝမှာချစ်တာ တစ်ယောက်တည်းပဲရှီတယ်။
အဲ့ဒါမင်းတို့လိုဟန်ဆောင်မှုမရှီပဲ အရမ်းရိုးသားတဲ့ဝမ်ကြင်ယာတော်တစ်ယောက်တည်းကိုပဲ..
ဝမ်ဝမ်တစ်ယောက်ကိုပဲ ငါ့ကိုယ်တော်မြတ်ချစ်တယ် ကိုယ်တော်တစ်သက်မှာသူလို့ရိုးသားလွန်းပြီး ဖြူစင်တဲ့လူကို မတွေ့ဖူးဘူး သူ့ဘေးနားမှာ လူကောင်းတွေကြည့်ပဲရှီစေချင်တယ်။ အဲ့ဒါကြောင့်ငါ့ကိုယ်တော်မြတ် မင်းကိုရွေးချယ်ခဲ့တယ်။
ငါ့ကိုယ်တော်မြတ်လူကြည့်မှားသွားတာပဲ  "

ရှင်ဘုရင်ရဲ့ကြင်ယာတော်Where stories live. Discover now