Part 31

8.8K 784 30
                                    

Part 31

"ရပ်လိုက်ကျ အပြင်ဒဏ်ဆိုင်းငံ့တယ် "

အားနင်ပြေးလာပြီး ပြောလိုက်သည်။
ဖန်ရင်းခုံပေါ်မှောက်ရက်လှဲနေရာကနေ
ထရပ်လိုက်သည်။

"အရှင့်အမိန့်မဟုတ်ဘူးမဟုတ်လား "

" အရှင့်ကို ငါပြောလိုက်ပါမယ် ငါယုံတယ်
မင်းရဲ့စိတ်ရင်းကို "

အားနင်ပြောပြီးထွက်သွားသည်။ ဖန်ရင်း
  အားနင်ရဲ့နောက်ကျောပြင်ကို ကြည့်နေမိသည်။

🕌

အားနင်အခြေအနေမကောင်း၊
ရာသီဥတုမတည်ငြိမ်ပေမဲ့ အရဲအစွန့်စွာ
ပြောလိုက်သည်။

"အရှင် ဖန်သမားတော်ပြောတာအမှန်ပါ။
  လိကျီသမားတော်ကဟဝမ်ကြင်ယာတော်ကို မခွဲစိတ်နိုင်ပါဘူး ဖန်သမားတော်ကသာ.."

"ထွက်သွား အားနင် ငါကိုယ်တော်တစ်ယောက်တည်း နေချင်တယ် "

" အတင့်ရဲစွာနဲ့ ကျွန်တော်မျိုးအရှင်ကိုပြောရပါမယ်
အရှင်ကို ကျွန်တော်မျိုး တင်ပြချင်တာက
ဖန်သမားတော်အပြစ်လုပ်တုန်းက
အရှင့်မသတ်ပဲထားတာ
ဝမ်ကြင်ယာတော်ကို မွေးဖွားပေးနိုင်တာ ဖန်သမားတော်တစ်ယောက်တည်းရှီတယ်ဆိုတာ
အရှင်တွေးမိခဲ့လို့မဟုတ်လား "

"မှန်တယ် ငါကိုယ်တော်တွေးမိခဲ့တယ်
ဒါပေမဲ့ဟသူကိုမယုံဘူး "

" ဖန်သမားတော်ကို ကြမ်းတမ်းစွာ မဆက်ဆံပါနဲ့
အရှင် ဝမ်ကြင်ယာတော်အတွက် သည်းခံရပါမယ် "

မင်မင်းကြီး ခေါင်းညိတ်လိုက်ပြီး
ကြင်ယာတော်အဆောင်ကိုပြန်သွားတော့

"အရှင်..အရှင်ကိုသွားတွေ့မယ် ထူပါဆို "

" သခင်မလေး ဖြည်းဖြည်းထ
ကျွန်မတို့ထူပေးနေပါတယ် "

" ထူတာရွေ့လည်းမရွေ့ပဲနဲ့ဟွန်း..."

  ဗိုက်ကကြီးလာတော့ထမဲ့အရေးကို ဝိုင်းထူနေရတဲ့ ဝမ်ကြင်ယာတော်ကိုကြည့်ပြီး မင်မင်းကြီးပြုံးမိသည်။ သူ့ဒေါသပေါက်ကွဲခဲ့ပြီး စိတ်ဆင်းရဲခဲ့ပေမဲ့ အခုဝမ်လေးဖြစ်နေတဲ့ ပုံကြည့်ပြီး တန်းပြုံးမိသွားသည်။

ရှင်ဘုရင်ရဲ့ကြင်ယာတော်Where stories live. Discover now