29.ပျော်ရွှင်မှု့က အကိုနဲ့အတူရှိနေမှ

5.5K 220 32
                                    

"အဆင်ပြေရဲ့လား   သုတက မင်းကိုနှိပ်ဆက်သေးလား"

"ဟုတ်အဆင်ပြေပါတယ် မမရွဲ"

"ဗိုက်ထဲက ကလေးလေးရဲ့ အဖေကို ဘယ်သူ့ကိုမှမပြောတော့ဘူးလား"

"မသိချင်ပါနဲ့ မမရွဲ
သိရင်လည်း ဘာမှမထူးတော့ပါဘူး"

အေးဆေးတည်ငြိမ်စွာ ပြောလာသော စကားလုံး များကို  ရွဲရှိန်ဝါ နားထောင်ရင်း  ဘေးနား က ဆန်ပြုတ် ပန်းကန်လေးကို  ယူလိုက်သည်။ သူကိုယ်တိုင် ဇွန်းနဲ့ အသာယူရင်း သုခကို ကလေးတစ်ယောက် ပမာ ခွံကျွေးသည်။

"မမရွဲ  ရပါတယ် ကျနော် အဆင်ပြေတယ်"

"အင်း အဆင်မပြေရင် မမကို ပြောနော်"

"ဟုတ်ကဲ့ ကျနော် အိပ်ချင်နေပြီ "

"ဒါဆို မမပြန်လိုက်ဦးမယ်  အကူညီလိုရင်ပြောနော်"

ရွဲရှိန်ဝါ ဘေးနားချထားသော လက်ကိုင်အိတ်ကို လွယ်လိုက်ပြီး သုခကို စောင်လေး ခြုံပေးကာ အခန်းအပြင်သို့ထွက်လာခဲ့သည်။

"အမရွဲ"

ရွဲရှိန်ဝါ ထွက်လာချိန် လှမ်းခေါ်လိုက်သော သုတဆီ  မလှမ်းမကန်းက ကြည့်လိုက်သည်။

"သုခလေ  သူကိုယ်ဝန်က ဒီရေ ဒီရေ နဲ့လား "

"ဘာအတွက်သိချင်တာလဲ  "

"သုခက ကျနော့်ညီလေ   ကျနော်  နဲ့ ဆိုင်တယ်  မထင်ဘူးလား "

"မင်းညီဆို  မင်း ဘာကြောင့် နှိပ်ဆက်ရတာလဲ"

"မဟုတ်ဘူး  ကျနော်"

ပြောစရာစကားများပင် ပျက်ရှလျက် ။ ကျနော် သိချင်တယ်။ ကျနော်ရဲ့ ညီတစ်ယောက်ကို ကျနော် နှိပ်စက်မိတယ်။  ဒါပေမဲ့  ကျနော် သူ့ကို သိပ်ချစ်တာ။ ညီတစ်ယောက်လို မဟုတ်ဘူး အဲ့ထက်ပိုတယ်။

"ထားပါတော့ အမပြန်တော့မယ်   သုခကို ဂရုစိုက်ပါ
ထပ်မနှိပ်စက်ပါနဲ့တော့ ။ အမလိုမျိုး  မောင်တစ်ယောက်ကို ဆုံးရှုံးရတာမျိုး မဖြစ်စေနဲ့။  "

ရွဲရှိန်ဝါ အိမ်ထဲမှ ထွက်သွားတော့သည်။

သုတလည်း သုခအခန်းရှိရာသို့  အလျင်အမြန်တက်လာခဲ့သည်။
တံခါးလက်ကိုင်ကို ဖြေးညှင်းစွာပြန်ပိတ်လိုက်ပြီး
သုခရဲ့ အခန်းနားသို့ တလှမ်းချင်းလျှောက်လာခဲ့သည်။

စူးနစ်ခဲ့သော လမ်းတစ်ခု    စူးနစ်ခဲ့သော လမ်းတစ်ခု(completed)Where stories live. Discover now