33.မင်းဖြစ်နေဖို့ပဲလိုတယ်

1.3K 55 14
                                    

ဒီနေ့က ကျွန်တော် ဖခင်ဖြစ်ဖို့အဆင်သင့်ဖြစ်နေတဲ့နေ့လေးပေါ့။
ကျွန်တော် ဝန်ခံပါတယ်။ ကျွန်တော်က အချစ်ကိုနားမလည်လိုက်ပဲ ကလေးတစ်ယောက်ကိုတော့ ရအောင်ယူနိုင်သွားခဲ့တယ်။

ကျွန်တော့်  လိုပဲ သုခလည်းပျော်နေခဲ့တယ်။
သုခက လေ ဒီလိုထိဖြစ်လာတာတောင်ကျွန်တော့်ကို ဖုံးဖိထားတာဗျာ ။
ကျွန်တော် ကချစ်လွန်းလို့သာအလိုလိုက်တာ အနိုင်တော့မပေးနိုင်ဘူး။

'' ဆရာဝန်ကမှာထားတယ်။ ကလေးအတွက်မိခင်နို့ရည်ကသာအကောင်းဆုံးတဲ့ ။ကိုကို ဒါပေမဲ့ ခ က ယောကျာ်းလေးဖြစ်နေတာ သားလေးအတွက်ကောင်းကောင်းအဆင်ပြေနိုင်ပါ့မလားမသိဘူး။ ''

ဆေးရုံကထုတ်ပေးတဲ့ယူနီဖောင်းနဲ့ ကောင်လေးဟာ ကုတင်ကိုမှီထားပြီး ဘေးနားကအိပ်ပျော်နေတဲ့ကောင်လေးရဲ့ဆံပင်တွေကိုဖွဖွလးဖိပွတ်ရင်း
တစ်ယောက်တည်းစကားတွေ ဆိုနေလေရဲ့။

အချိန်ကြည့်တော့ည 11 နာရီ ။ ကျွန်တော့်ရဲ့ တစ်ဦးတည်သော အကိုဖြစ်တဲ့ တစ်ဦးတည်းယောကျာ်းဦးဟာ ကျွန်တော့်ကြောင့်ပင်ပန်းသွားရပြီ။ တစ်နေကုန်ဟိုပြေးရ ဒိီပြေးရနဲ့ ။ ကလေးအတွက် လိုအပ်တာတွေ ဆရာမခိုင်းလို့လုပ်ရနဲ့။ တကယ်ကိုစိတ်အားထက်သန်နေခဲ့တာ။

'' အင့် ''

ကုတင်ဘေးလေးခေါင်းမှီအိပ်နေတဲ့ သုတ တစ်ယောက် သုခ တစ်ယောက်တည်းရေရွတ်သံကိုတော့ကြားလိုက်မည်မဟုတ်။

'' နိုးလာပြီလား ''

'' အင်း နိုးပြီ ဘယ်လိုနေသေးလဲ ဗိုက်ကနာနေသေးလား ''

ပြောရင်းဆိုရင်း သုခရဲ့ ဗိုက်နားလက်လေးနဲ့ ဖွဖွထိရင်း

''မနာတော့ပါဘူး ကိုကိုရဲ့
ကလေးလေးကိုတွေ့ချင်လိုက်တာ ။ ''

'' ကလေးကနားနေဆောင်မှာ စိတ်မပူပါနဲ့ ဆရာမတွေက ဂရုစိုက်ပါတယ် ''

'' အင်းလေ''

'' ဗိုက်ဆာလား ။ ''

'' ဟင့်အင်း
ကိုကိုရော ''

'' ကိုလည်းမဆာပါဘူး။ ''

'' အင်းဆာရင် လည်း ခ ကိုစောင့်မနေနဲ့ အောက်ဆင်းလို့ရတယ်လို့
ခ နေရဲပါတယ် ''

စူးနစ်ခဲ့သော လမ်းတစ်ခု    စူးနစ်ခဲ့သော လမ်းတစ်ခု(completed)Where stories live. Discover now