34.ကလေးမွေးဖွားခြင်း

1.3K 44 4
                                    

''ဘာလာလုပ်တာလဲမင်း မင်းနဲ့ငါတို့မပတ်သတ်ဖို့ပြောထားပြီးသားလေ ''

သုတရာဇာတစ်ယောက် သူ့ရှေ့ကမိန်းမပျိုကို ခက်ထန်တဲ့မျက်လုံးများနဲ့စူးစိုက်ကြည့်နေသည်။
ထိုမိန်းမငယ်လည်း သက်ပြင်းချဖို့ပင်အားယူရင်း

''သုခကိုပြန်လာခေါ်တာ ''

ထိုစကားတစ်ခွန်းကြောင့် သုတထည်ဝါ မျက်လုံးတွေ လက်ခနဲ ထိုမိန်းမငယ်ထံ ခနဲ့သောအပြုံးတစ်ချက်ဖြင့် အနားသို့ကပ်သွားသည်။

''ပြန်လာခေါ်တာလား ။ ငွေကုန်သွားလို့လား ဘယ်လောက်ထပ်လိုတာလဲ ''

'' ငွေကရှိပါတယ် အခုလည်းအခြေ ချနိုင်နေပြီလေ။ သုတ မင်းသိပါတယ် ငါငါ့မောင်လေးကို ပြန်လိုချင်တယ်ဆိုတာ ''

''မပေးနိုင်ဘူး မင်းလိုမိန်းမ တစ်ယောက်က သုခထည်ဝါကို စောင့်ရှောက်ပေးဖို့ တတ်နိုင်မယ်လို့ ငါမထင်ဘူး ''

သုတရာဇာရဲ့ နှုတ်ခမ်းထောင့်လေးတစ်ဖက်ဆီကိုကွေးညွှတ်သွားရင်း
အံဆွဲလက်ကိုင်ကိုဖွင့်ကာ ဖိုင်တစ်ရွက်ကိုထုတ်ပေးလိုက်သည်။

''ငါတတ်နိုင်တယ်။ အခု ငါ့မှာဆွေမျိုးဆိုလို့ဒီမောင်လေးပဲရှိတော့တာ။ ငါနောက်လထဲမဂ်လာဆောင်တော့မှာ မောင်လေးကို အနားမှာရှိစေချင်တယ်။ ''

''တောက်စ် မင်းဘာသာမဂ်လာဆောင်တာလေ သုခနဲ့ဘာဆိုင်တော့လို့လဲ ''

''သုတရာဇာ မင်းစကားကိုကြည့်ပြော ငါမင်းထက်အများကြီးကြီးတယ် အခုငါမောင်လေးကို ပြန်ခေါ်ရုံပဲ မင်းအဲ့လောက်အဖြစ်သည်းနေစရာမှ မလိုတာ ပြန်ထည့်ပေးလိုက်ရင်ပြီးပြီပဲ ''

''အဲ့တော့ မဂ်လာဆောင်ဖို့ ငွေလိုတယ်ပေါ့ ဘယ်လောက်လဲ ပြော မြန်မြန် ပြီးရင်ထွက်သွားတော့ ''

''သုခကိုပဲ ငါ့ကိုပေးတွေ့ပါ။ ''

''ဘာ)))))ပေးတွေ့ရမယ်ဟုတ်လား ဘာဆိုင်တော့လိုလဲ ''

ဒီအခါ မိန်းမငယ်သည် သုတရာဇာရဲ့ မျက်နှာထပ် ဖြန်းခနဲမည်အောင် လက်တစ်ဖက်ဖြင့်ရိုက်ချလိုက်သည်။

စူးနစ်ခဲ့သော လမ်းတစ်ခု    စူးနစ်ခဲ့သော လမ်းတစ်ခု(completed)Where stories live. Discover now