2.😷ကျွန်တစ်ယောက်လို😷Uni+Zaw

12.6K 521 19
                                    

တဖက်မှာလည်း. သုခတစ်ယောက်..

"ဟို ကားဆရာ ကျနော့်ကိုမြန်မြန်လေး မောင်းပေးနိုင်မလား. "

"ဟုကဲ့ပါ ကျနော်လည်း အတတ်နိုင်ဆုံးမြန်အောင် မောင်းပေးနေပါတယ် "

"ကျေးဇူးတင်ပါတယ်ဗျာ ကျနော် လည်းအရေးကြီးနေလို့ပါ "
သုခလည်း ကားဆရာကိုအားနာသွားဟန်တူသည်။

"ဟို ကျနော် ဒီနားချထားပေးခ့ဲမယ်နော်
ခင်ဗျားပြောတ့ဲနေရာ ဆို ဒီနေရာပဲလေ."

"ဟုတ်က့ဲကျေးဇူးတင်ပါတယ်နော် ဒီမှာကားခပါ "
ပြောပြီးသုခတစ်ယောက် ခြံဝင်ကြီးရ့ဲတစ်နေရာ သူ ဟိုးငယ်ငယ်ကလေးထဲက ကြီးပြင်းလာခ့ဲတ့ဲ ကျက်သရေရှိလှတဲ့ အိမ်ကြီး သူမနေဖြစ်ခဲ့တဲ့ 2နှစ်အတွင်း ပြန်တွေ့ရတဲ့ နှစ်ထပ်တိုက်ကြီး သို့ ခြေလှမ်းတစုံ

ဝင်ဝင်ချင်း ကြားလိုက်ရတဲ့ အသံမာမာတခု..

"အော် မင်းရောက်လာပြီပဲ
ငါမင်းကို ပြန်ရောက်ရောက်ချင်း ငါမင်းမျက်နှာတွေ့ချင်တယ်လို့ ငါပြောခ့ဲတယ်လေ
မင်းလိုက်နာခ့ဲလား ပြောစမ်း."

ခွက်....

သုခရဲ့ ဖြူဖွေးနေသောပါးပြင်နုနုလေး ထံ အရှိန်ပြင်းလှတဲ့ လက်သီး တချက်..
ခ မျက်ရည်မကျအောင် သည်းခံရင်း.
"ခ တောင်းပန်ပါတယ် အကို.
အကိုကြိုက်သလို အပစ်ပေးပါ
ခ ခံယူပါ့မယ်."
သူ့ကိုယ်သူ ခလို့ ပြောတတ်တဲ့ ချစ်စရာ ကောင်းတဲ့ 18နှစ်အရွယ်ကောင်လေး

"အေး မင်းအပြစ်တော့မင်းသိသားပဲ
အ့ဲတော့ ငါ့ကို အခုချိီပြီး အပေါ်ထပ်ကို ပို့ပေး"
သုတ ဆိုသော အကို ကို သူပြန်ခံမပြောရဲပါ
သုတကငယ်ငယ်လေးထဲက သုခကို အနိုင်ရထားပြီးသားသူပါ...

"အကို အပေါ်ထပ်ရောက်ပါပြီ အကို ဘာစားပြီးပြီလဲ
ကျနော် ဘာလုပ်ပေးရမလဲ" ...
ပြောရင်း အကို့အတွက်စီစဥ်ပေးရန် ထလိုက်ချိန်
လှမ်းဆွဲလာတ့ဲ လက်တစ်ဖက်

"ရတယ် ငါမစားတော့ဘူး
ဒီကိုလာ"ဆိုပြီး ဘေးနားကလွတ်နေသော ကုတင်ဆိီ
ခါးလေးကနေဆွဲပွေ့လိုက်တော့ ..

"အကို ကျနော့်ကို လွှတ်ပါ
ကျနော်လည်း အရွယ်ရောက်နေပါပြီ.
ငယ်ငယ်ကလို မဆိုးပါနဲ့တော့ အကို
ကျနော်ကသည်းခံပေးပေမ့ဲ
တခြားလူတွေအမြင်မှာ မသင့်တော်ပါဘူး အကို "

စူးနစ်ခဲ့သော လမ်းတစ်ခု    စူးနစ်ခဲ့သော လမ်းတစ်ခု(completed)Where stories live. Discover now