3.ကွဲကြေမှု့ 🤕🤕Unicode+Zawgyi

10K 539 11
                                    

နှစ်လုံးသားတစ်ခုလုံး လှောင်ချိုင့်ထဲ
ပိတ်လှောင်ခံရပြီးတဲ့ နောက်ပိုင်း ကျနော် အတွက့်က
ဝေးလွင့်ငှက်ငယ်တစ်ကောင်လို.

"တော်တော်အိပ်လို့ပျော်ခဲ့တယ်မလား သုခ"
မျက်နှာတင်းတင်းဖြင့်အသံတစ်ခုကြောင့် သုခတစ်ယောက်နိုးလာပြီး မျက်လွှာနှစ်ခုကို ဖွင့်ရင်း မော့ကြည့်လိုက်သည်။

"ဟို အကို နိုးနေတာ ကြာပီလား ညကအကို့ကုတင်ပေါ် အိပ်ပျော်သွားမိလို့တောင်းပန်ပါတယ်နော် "

"အခုထတော့ သွား ငါ့ကို မနက်စာပြင်ထား "

"ဟုတ် ဟုတ် အကို" သုခအိပ်ယာမှထပြီး အကို့အတွက်မနက်စာပြင်ရန်ထလိုက်သည်။

နေ့လည်1နာရီ.
ခြံအတွင်းသို့ ဝင်လာတဲ့ကားတစီး

"အမေနဲ့ အဖေ ဘယ်တုန်းက ပြန်ရောက်ကြတာလဲ 
ကျနော် လာကြိုမှာပေါ့ "

"အခုပဲရောက်ရောက်ချင်းလာခဲ့တာ သားရဲ့
သုခကောသားဆီလာရဲ့လား "

"ဟုတ် သူ့ကို ဒီနေ့ နှစ်ချူပ်စာရင်းတွေလုပ်ခိုင်းထားလိုက်ပါတယ် "

"အေးအေး ဒါနဲ့ အဖေ တို့ CEကုမ္မဏီ နဲ့ ဟိုဖက်က ရှယ်ရာဝင်တွေ ကို Dinnerတစ်ခုလုပ်ဖို့ရှိတယ်နော် သား "

"ဟုတ်က့ဲ သား သုခကို စီစဥ်ခိုင်းထားလိုက်ပါမယ်"

" သားဒီကိုပြန်လာပြီး အဖေ့ကို ကူညီရမယ်နော် သား သုခက မန်နေဂျာ တာဝန်နေရာမှာရှိပြီးသား "

"ဟုတ်က့ဲ သား အကောင်းဆုံးကြိုးစားပါ့မယ်"

"ဒါဆိုပြန်ကြမယ် မနက်ဖြန်ကစပြီး ကြိုးစားပါ အရာအားလုံးက သားအတွက်ပဲ"

ထွက်သွားသော ကားလေးတစ်စီး ...

Ringing...

"Helloအကို
ကျနော် လုပ်လက်စလေးတွေပြီးရင်လာခဲ့ပါ့မယ်"

" အေး မြန်မြန်လုပ်ကွာ
ငါအိမ်မှာ နေရတာ တစ်ယောက်တည်း ပျင်းတယ် .
မင်းပြန်လာရင် ငါ့အတွက် ဝတ်စုံ တစ်စုံပါဝယ်လာခဲ့.
နက်ဖန်ည ပွဲရှိတယ်" ပြောပြီးပြီးချင်းဖုန်းချသွားတော့

စူးနစ်ခဲ့သော လမ်းတစ်ခု    စူးနစ်ခဲ့သော လမ်းတစ်ခု(completed)Tahanan ng mga kuwento. Tumuklas ngayon