13.မိတ်ဆက်ခြင်း

4.2K 166 3
                                    

Unicode

အချစ်ကပဲ ငါ့ကိုနာကျင်စေတယ် ။ အဲ့အချစ်ကပဲငါ့ကိုပူလောင်စေတယ် သုခရယ် မင်းကို ငါမချစ်ဘူး။ ချစ်ရင်လည်းချစ်မှာပေါ့ ငါဘယ်တုန်းကချစ်မိခဲ့လည်းမသိဘူး။

သုတရာဇာ ။

အကိုမုန်းတဲ့ဆိုတဲ့သူက ကျနော်ဆိုတာ သိလိုက်တည်းက
ကျနော် အကို့အနားက ပျောက်ကွယ်ချင်ခဲ့တာ အမှန်ပါပဲ ။

သုခထည်ဝါ။

မင်းကို တွေ့ပြီးတည်းက အခြားလူတစ်ယောက်အပေါ် ငါစိတ်မကွက်ခဲ့ဘူး ငါမင်းဆိုတဲ့သုခကိုပဲ သစ္စာရှိစွာချစ်သွားချင်တာ။

ဒီရေ။

လူတွေစည်ကားနေတဲ့ အခန်းအနားတစ်ခု မီးရောင်စုံစုံလင်လင်နဲ့ အချိန်သည်ကား ည6နာရီရှိနေပြီ။
ခြံဝန်းကြီးအတွင်းကားနှစ်စီးကအထင်သားပင်။

"ဒီရေ လာဦး ဟိုမှာ ဦးဟိန်းထက်ရာဇာတို့ရောက်လာပြီ"

"ဟုတ်ကဲ့ ဦးလေးထက် ကျနော် သွားကြိုလိုက်ပါ့မယ်"

သူများတွေထက်အစောရောက်မှကျေနပ်တဲ့ သုတတို့သားအဖပေါ့ ခုလည်း ပွဲစီစဥ်တုန်းကြည့်လေ သူတို့သားအဖကအရင်ရောက်နေပြီ။

"သမီးရေ ရွဲ မေမေ့ကို ဒါလေး ဟိုဘက်ဝိုင်းသွားထားပေး "

"ဟုတ်မေမေ "

"ဒါနဲ့ သမီးရဲ့ Bossကိုကောမဖိတ်ထားဘူးလား"

"ဖိတ်လည်းလာမှာ မဟုတ်ဘူးမေမေရဲ့ "

"ဘာလိူ့လဲ ကိုယ့်bossပဲသမီးရယ်"

"ဟုတ်တယ် Bossက သူ့အလုပ်တွေနဲ့အားတာမဟုတ်ဘူး မေမေ"

"အော် အေးပါအေးပါ
သူတို့လည်း အလုပ်တွေကဖျက်လို့မှမရဘဲကို"

"ဟုတ်တယ်မေမေ"

ဒေါ်နန်းမာလာလည်း သူ့သမီးရဲ့မွေးနေ့ပွဲကို ပျော်ရွှင်စွာနဲ့ စကားပြောနေရင်း

"ဦးဟိန်းထက်ရာဇာတို့တောင်ရောက်လာပြီပဲ သမီးရေ
သူ့သားတွေလည်းပါတယ်တော့ "

"ဘယ်သူ့လဲအမေရဲ့ ဦး ဟိန်းထက်ရာဇာက"

"သမီးမမှတ်မိဘူးလား ငယ်ငယ်က သူတို့သားနှစ်ယောက်နဲ့သမီးက အမြဲဆော့တယ်လေ"

စူးနစ်ခဲ့သော လမ်းတစ်ခု    စူးနစ်ခဲ့သော လမ်းတစ်ခု(completed)Where stories live. Discover now