12. မမုန်းပါနဲ့ 💔

5.2K 215 6
                                    

မှောင်မိုက်လွန်းတယ် ။ ဘဝကအထီးကျန်ဆန်လွန်းတယ်။
နောက်ပြီး မချစ်တတ်တဲ့နှလုံးသားနဲ့လူတစ်ယောက်။ ဟုတ်တယ်။ မချစ်တတ်တာ ။ အချစ်ဆိုတာကို နားမလည်သေးတာ။

မီးအလင်းရောင်မရှိ တိတ်ဆိတ်လွန်းတဲ့ အမှောင်ကျနေတဲ့ အခနငယ်တစ်ခုအတွင်း တိုးဝင်လာတဲ့ မီးအလင်းရောင်လေး တစ်ဖြတ် ။ ကြားလိုက်ရတဲ့စကားသံနူးနူးညံ့ညံ့လေးက ပူလောင်နေတဲ့ဒဏ်ရာပေါ် သာယာမိစေသလို။

သုတ အခန်းငယ်ရဲ့ထောင်တစ်နေရာ မှာ ပြိုလဲကျနေပါသည်။ သို့ပေမဲ့ သူ့အိမ်ကို သူမိဘတွေ သိပ်ပြီးမဝင်မထွက်ဖြစ်ခဲ့ကြ။ အိမ်တစ်လုံးသူ နဲ့သုခသာ အတူရှိနေကြခြင်းပါ။ ခုသူအရမ်းပြိုလဲကျနေပြီ သူ့အနားခုဘယ်သူမှမရှိနေခဲ့ကြ။ သုတ ရင်တွေကွဲမတတ်ပါ။ သူမချစ်တတ်တဲ့နှလုံးသားကို သူအရမ်းမုန်းနေပြီထင်ပါတယ်။

" ဟာ အကို ဘာလို့ မှောင်ကြီးမဲကြီး တစ်ယောက်တည်းထိုင်နေရတာလဲ. မီးမဖွင့်ဘာမဖွင့်နဲ့"

လေသံပျော့ပျော့လေးတစ်ချက်နားထဲတိုးဝင်လာတော့ သုတ ခေါင်းလေးမေ့ာပြီး လှမ်းကြည့်လိုက်တယ် ။
မျက်နှာမှာ နာကျင်မှု့တွေအပြည့်နဲ့။

"ဘာရယ် မဟုတ်ပါဘူး။ ငါအမှောင်ကိုကြိုက်လို့"

သုတဘယ်လောက်ပြိုလဲနေပါစေ။ သုခကိုတော့ သူ့ခံစားချက်တွေ မမြင်စေချင်။

"နေမကောင်းလို့လား"

သုတရဲ့ အနားကိုလျှောက်သွားရင်း သုတရဲ့နှဖူးလေးပေါ်သူရဲ့လက်လေးတင်ရင်း ကိုယ်ပူနေသလားဆိုတဲ့ စိုးရိမ်စိတ်နဲ့မေးပါသည်။

"ကိုယ်လည်းမပူပါဘူး ဘာဖြစ်လို့လဲ"

သုခလည်း သူ့အခန်းထဲပြန်သွားရန် ထလိုက်ချိန်တွင်

"သုခထည်ဝါ"

လေသန်မာမာနဲ့ လှမ်းအခေါ် သုခ အံသြစွာနောက်သို့ပြန်လှည့်လာပါသည်။

"မင်းက ငါ့ကိုဘာလို့ စိတ်ပူနေတာလဲ"

"ဟို အကို က ကျနော့်ကျေးဇူးရှင်လည်း ဖြစ်တယ် နောက်ပြီး အကို့ကို ဂရုစိုက်ဖို့ ဦးလေးတို့အန်တီတို့က ကျနော့ကို မှာထားလို့"

စူးနစ်ခဲ့သော လမ်းတစ်ခု    စူးနစ်ခဲ့သော လမ်းတစ်ခု(completed)Dove le storie prendono vita. Scoprilo ora