6.+18(warning)🔞

11.7K 441 10
                                    

Unicode

"အကို နာမ်စားလေး တခု ...
ကြားလိုက်ရတာနဲ့ ကျနော် အကြိမ်ကြိမ် သေတယ် 😔"

"ကိုကို တော်တော်မူးနေပြီ  ပြန်ရအောင်နော်"
သုတ ခေါင်းငိုက်စိုက်ကြလောက်သည် အထိ သူအတော်မူးနေခဲ့ပါသည်။

"ဖုန်းဆက်ပေး သုခ့ကို  ဖုန်းဆက်"

"မာယာ့ အိမ်လိုက်မယ်ဆို "

"ငါမသိဘူး ငါ့ကို လာခေါ်ဖို့ပြောလိုက်ကွာ"

"ကိုကို ဘာဖြစ်နေတာလဲ မာယာ့ကိုမချစ်တော့ဘူးလား"

"ငါမသိဘူး မာယာ ငါဒီပြန်ရောက်ကတည်းက ငါမင်းကိုအဲ့လောက်စိတ်မဝင်စားမိတာအမှန်ပဲ"

ဖြန်းးးးးးးးးးး

"မင်းဒါဘာလုပ်တာလဲ"

"ရိုက်လိုက်တာ ဟုတ်တယ်
ရှင် အဲ့မွေးစားကောင်ကို ပဲ ရှင်ချစ်နေတာ "

မာယာရိပ်မိနေပါသည် ။ မာယာနဲ့ ဆက်ဆံမည်လုပ်တိုင်း သုခ နာမည်သာခေါ်တတ်ပြီး သူတို့နှစ်ယောက်ဆုံရင် သုခကိုသာပို ဂရုစိုက်နေခဲ့ပါသည်။

"ဘာ ငါ့ကို မင်းကပါအခြောက်လို့ ပြောလိုက်တာလား"

"ဟုတ်တယ် ရှင်က သုခ့ကို ချစ်နေတာ ညီတစ်ယောက်ထပ်ပို ကိုပိုတယ်"

"တော်တော့ မာယာ ငါအဲ့လို လူတွေကို အရမ်းမုန်းတယ်"

"ရှင် ကြည့်နေလိုက် အဲ့သုခကို မာယာကိုယ်တိုင် ရှင့်အနားကထွက်သွားအောင်လုပ်မယ်"
ဘေးနားကချထားတဲ့ မိန်းမကိုင် ပိုက်ဆံအိတ်လေးကို ပါးခုံးမှာသိုင်းလွယ်လိုက်ပြီး ထွက်သွားခဲ့ပါသည်။

အခန်းအတွင်းကျန်နေခဲ့သူ သုတ ရီဝေသော မျက်လုံးများကို အားယူရင်း ရှေ့ရှိစားပွဲခုံပေါ်က လက်ကိုင်ဖုန်းလေးကိုယူရင်း ခလုတ်လေးတချက်...

"Hello."

"သုခ ငါ့ကို လာခေါ် ဒီအတိုင်းငါ့ကို မလွှတ်ထားပါနဲ့ကွာ"

"အကို ဘာဖြစ်ကြပြန်တာလဲ
မာယာကကော. "

"သူ ငါ့ကိုထားသွားပြီကွ"

"ခနစောင့်နော် ခ အခုထွက်လာနေပြီ"

"....."

ကားလေးတစီး သုတရှိရာ အရှေ့သို့ရပ်တန့်သွားလေသည်။

စူးနစ်ခဲ့သော လမ်းတစ်ခု    စူးနစ်ခဲ့သော လမ်းတစ်ခု(completed)Where stories live. Discover now