31. မင်းနဲ့အတူ🤟🏻

1.9K 77 6
                                    

ပျော်ရွှင်တယ်ဆိုတာ အကြောင်းရှိမှပျော်လို့ရတာမလား။
ကျွန်တော် အခုခံစားဖူးပြီ။ အချစ်ရဲ့အရသာလေ။
တကယ်တမ်းချစ်မိတဲ့ခါ ကျွန်တော်တို့ မျက်လုံးတွေ စုံလုံးကမ်းကုန်ကြတယ် ။ သူတစ်ယောက်အတွက်ပဲ မြင်တော့တယ်။
ကျွန်တော် သာ အသိနောက်ကျခဲ့ရင်
ဒီကောင်လေး ကျွန်တော့်ကို ထားသွားတော့မယ်ထင်ပါ့ရဲ့။

တစ်ကြိမ်တစ်ခါ မှားဖူးတဲ့အမှားကြောင့် ကျွန်တော်တို့နှစ်ယောက် အချစ်ကိုတကယ် အလေးနက်ထားလာမိတယ်။

သုတ....

အကို ရက်စက်တယ်လို့ ထင်မိတိုင်းလဲ  ကျွန်တော် အကို့ကိုတော့ မေ့မရခဲ့ဘူးလေ။
ဘဝမှာ ပထမ ဆုံး ကြုံရတဲ့ ဒီ အချစ်က အကို့တစ်ယောက်တည်းတွက်မို့ ထင်ပါ့ရဲ့။ နောက်လူကိုအစားထိုးမရခဲ့ဘူး။

သုခ.....

သေ သွားသူ ကြာရင်မေ့တဲ့ ဒါပေမဲ့ မေ့လို့ မရဘူး မောင်လေး။
အမ မင်းကို ပြန်ရှင်လာစေချင်လိုက်တာ။ အချိန်တွေ သာကုန်သွားတယ်။ အမမောင်လေး ပြန်မလာခဲ့ဘူးနော်။ မောင်လေးက သိပ်မေ့တတ်တာပဲ ။

ရွဲရှိန်ဝါ။

'' ဒီနေ့ 3 ရက်နေ့ မို့ ဘုရားသွားရအောင်  ခ ''

ရေချိုးပြီး အဝတ်စားလဲ နေရင်း ကုတင်ထက် လှဲနေတဲ့ သုခကို သုတ အကျီ်ကြယ်သီးတပ်ရင်း ခွင့်တောင်းနေလေသည်။

'' အိပ်ချင်သေးတယ်။ "

'' ဒါပေမဲ့ ထရမယ်လေ ။ ဒီနေ့ အပြင်ထွက်ရမယ်။ အိမ်ထဲကြီးပဲနေနေတာ မမွန်းကျပ်ဘူးလား။ ''

ကိုယ်ဝန်စရှိတည်းက အပြင်အသွားလာ နည်းသွားတဲ့ ဒီကောင်လေးကို အပြင်ထွက်ဖို့တော်တော် ခေါ်ယူနေရတယ်။

သုတလည်း အလိုလိုက်လွန်းလို့ ဘာအလုပ်မှကိုလုပ်စရာမလို အောင်ပဲ။
ရုံးလည်းသွားခွင့်မပြု။ အိမ်အလုပ်လည်းပေးမလုပ်။ ကြာတော့ အလိုလိုက် တာကို အတွေးလွန်ကုန်ပြီး ဘယ်ခေါ်ခေါ် မလိုက်တော့တာပဲ။

အလုပ်တွေ ပေးလုပ်ရအောင်လည်း လွယ်လွယ်ကူကူ အရင်လို ကောင်လေးမှမဟုတ်ပဲနော်။
ဒီမပေါ့မပါးကောင်လေးက သိပ် ကိုဆိုးတာ အရင်ကနဲ့ကိုမတူတာ။

စူးနစ်ခဲ့သော လမ်းတစ်ခု    စူးနစ်ခဲ့သော လမ်းတစ်ခု(completed)Where stories live. Discover now