20.ကျောခိုင်းထွက်ခွာသွားပါ့မယ်💔

3.9K 213 27
                                    

ဒဏ်ရာရဲ့အတိမ်အနက်ဆိုတာ
ကြိုးကြေရသူကိုယ်တိုင်ပဲ သိတယ်။
ခင်ဗျားကိုယ်တိုင် အနာကြုံရတဲ့တစ်နေ့ ကျရင်တော့
အပ်ပေါက်လောက် ဒဏ်ရာ
ခင်ဗျားကိုယ်ချင်းစာတတ်မှာပါ။ 💔

တင်းတင်းကျပ်ကျပ်ဖက်ထားခဲ့တဲ့သုခရဲ့ ကိုယ်သေးသေးလေးကို သုတ နောက်သို့အနည်းငယ်တွန်းလိုက်ပြီး

"မင်းရူးနေပြီလား သုခ မင်းကိုယ်တိုင် အခြောက်အဖြစ်သတ်မှတ်လိုက်ပြီလား
ငါ့ကိုဘယ်လိုစကားတွေလာမေးနေတာလဲ "

ခေါင်းလေးမဖော်ရဲစွာ ထပ်မံမေးလာပါ၏။

"ဒါဆိုရင် အကို ခကို့ မချစ်ဘူးမလားဟင်"

သုတသူ့ကိုဖက်တွယ်ထားသော သုခရဲ့လက်လေးတွေကို အတင်းဖြုတ်ချလိုက်ပြီး

"အင်း ငါမချစ်ဘူး မင်းကို
ပြီးတော့ မင်းတစ်ယောက်တည်းမဟုတ်ဘူး
ငါကဘယ်သူ့ကိုမှမချစ်တာ"

"အကိုက တကယ်ကို ကျောက်ဆောင်ပဲနော် "

မျက်ရည်စမ်းစမ်းလေးနဲ့သူ့ကိုခေါင်းမော့ကြည်လာတဲ့ကလေးငယ်ကို သူမျက်နှာလွဲလိုက်ပါသည်။

"ငါခု barသွားမှာ မာယာနဲ့ချိန်းထားတယ်
မင်းပါလိုက်ခဲ့"

"ဟင် ခ ခ အပြင်မထွက် ရဲဘူး "

"ဘာ မင်းက ငါ့အမိန့်ကိုတောင် လွန်ဆန်နေပြီလား
မင်းသတ္တိတွေ ဘယ်ကရလာတာလဲ ငါ့ကိုလွန်ဆန်ဖို့
ပြောစမ်း ဟမ် "

"မဟုတ် ခ လိုက်နာပါတယ်
အကို့အမိန့် ဘယ်တော့မှ မလွန်ဆန်ပါဘူး "

"အေး အဲ့ဒါဆို မြန်မြန်လုပ် အခုသွားမှာ "

"ဟုတ် ဟုတ်ကဲ့"

ဒုန်း

သုတထွက်သွားပြီးတံခါး ပိတ်သံအဆုံး သုခ ကျလာတဲ့မျက်ရည်တွေကို လက်လေးနှင့်သုတ်ရင်း
နာကျင်လာတဲ့ကျောပြင်တွေကို လျစ်လျူရှုကာ
အဝတ်ဗီရို ထဲရှိ အကျီ်အဖြူရောင် လက်ရှည်လေးတစ်ထည်ကို ထုတ်ယူဝတ်လိုက်သည်။

အပြင်ကဒဏ်ရာကို အဖြူရောင်အကျီ်လေးက ဖုံးကွယ်နိုင်ခဲ့ပါသည်။ ဒါပေမဲ့ ဘယ်ဘက်ရင်အုံလေးထဲက ပြင်းရှရှဒဏ်ရာလေးကိုတော့ မဖုံးကွယ်နိုင်ခဲ့ပါဘူး ။

စူးနစ်ခဲ့သော လမ်းတစ်ခု    စူးနစ်ခဲ့သော လမ်းတစ်ခု(completed)Where stories live. Discover now