11.သုံးပွင့်ဆိုင်လာတဲ့အခါ😭

6.4K 264 12
                                    

Unicode

🧡 မင်းကိုယ်တိုင် ဖန်တီးထားတဲ့ ခပ်ညင်းညင်း
အမှောင်ထုထဲက ထွက်ခဲ့ပါ ညီ
မင်းဟာ ပျော်ရွှင်ဖို့ ထိုက်တန်တဲ့ ကိုယ့်ရဲ့အလင်းရောင်လေးပါ🧡

တစ်ရက်ကြာမှေးဆက်အိပ်ပျော်နေခဲ့တဲ့ ကလေးငယ် မျက်လုံးလေးတွေတောင် အလင်းရောင်ကို မခစားနိုင်ခင် နှုတ်ကရေရွတ်မိနေတဲ့စကားလုံးတွေ

"အကို  ကျနော့်ကို မ မထားခဲ့ပါနဲ့နော်
အကို မရှိလို့ မ ဖြစ် မဖြစ်ဘူး 😭"
အိပ်မက်ထဲထိ ငိုအောင်လုပ်ထားသည်ထင်ပါတယ်။
ငိုသံတွေအဆုံး ရှိုက်ရှိုက်ဝင်စွာပြောနေတဲ့ အသံတိမ်တိမ်လေးတွေကို နားထောင်ရင်း

"သုခ ခ လေး သတိရပြီလား"
ကလေးငယ်ရဲ့ ငိုသံတွေကို သူသေချာနားထဲသိမ်းဆည်းရင်း

" မငိုနဲ့တော့နော် မင်းကို နောက်တခါအဲ့လို တစ်ယောက်တည်း အလုပ်လုပ်ခိုင်းလို့ မရတော့ဘူးဆိုတာ
ငါသိသွားပြီ"

" ဟို ဟိုလေ"
ကုတင်ကနေထဖို့ ပြင်တဲ့ကလေးငယ်ကို ဖြေးညှင်းစွာထူပေးရင်း နံရံနဲ့ကျောပြင်ကိုမှီရင် အအေးပတ်မည်စိုး၍ နံရံနဲ့ ေကျာပြင်အကြား ရှေ့ရှိ ခေါင်းဦးကိုယူပြီး မှီခိုင်းမိတယ်။

"နာနေသေးလား"

" ခေါင်းတော့ နဲနဲကိုက်နေသေးတယ် "

"ဘာလို့ အကူညီမတောင်းတာလဲ"

"ဗျာ"

ဗျာ ဆိုတဲ့စကားလုံးလေးတစ်လုံးကြားတိုင်း သုတရင်ခွင်ကို လေပြေ တချက်ဝှေ့လာသလို အေးချမ်းသွားတဲ့အသွင်။

သုခရဲ့ ပါးပြင်ဖောင်းဖောင်းလေးတစ်ဖက်ကို ငုံ့နမ်းရင်း နူးညံ့တဲ့ကလေးငယ်ရဲ့ လက်ကို မိမိ၏ လက်ဖဝါးကြီးကြီးနှစ်ဖက်နဲ့ ဆုတ်ကိုင်ထားပြီး

"ဒီတခါ အကို့ကိုခွင့်လွှတ်ပါနော် အကိုမင်းကို ဒီတစ်ကြိမ် မစောင့်ရှောက်ပေးနိုင်ခဲ့ဘူး"

"......"

သုခ တကယ်ကို နားမလည်သောမျက်လုံးများဖြင့် သူသိပ်ချစ်ရတဲ့အကို ကိုကြည့်ရင်း တွေဝေနေခဲ့ပါ၏။

ဒေါက်.ဒေါက်. ဒေါက်.

နှစ်ယောက်သားတစ်ယောက်ကို တစ်ယောက် စူးစိုက်ကြည့်နေရာမှ အခန်းထဲသို့ဝင်လာသော လူနှစ်ဦး

စူးနစ်ခဲ့သော လမ်းတစ်ခု    စူးနစ်ခဲ့သော လမ်းတစ်ခု(completed)Where stories live. Discover now