26.ရက်စက်ပြီးမှမချစ်ပါနဲ့လား

3.9K 239 20
                                    

" မာယာ  နင်လုပ်ခဲ့တာတကယ်လား"

ရင်ခွင်ထဲက အေရီရယ်ပြန်ထွက်ခွာရင်းမာယာ့ကို မေးပြန်သည်။

"ဟုတ်တယ် ငါလေ ဒီရေကို ချစ်မိသွားတယ်။ ဒါပေမဲ့ သူကငါ့ကိုပြန်မချစ်ဘူး ငါသူ့ကို သွားတွေ့ခဲ့တာ။ ပြီးတော့."

"ပြီးတော့ဘာဖြစ်လဲ "

"နင်သိလား ငါရင်နာတယ် သူက နင့်ကိုလည်းမချစ်ဘူး ငါ့ကိုလည်းပြန်မကြိုက်ဘူး "

"အင်း ငါသိတယ် ဒါပေမဲ့ ငါချစ်နေရင်ရပြီလေ"

"သူက သုတလိုပဲ သုခကို ချစ်နေတာတဲ့ ငါဒီနေ့ပဲသူ့ဆီသွားတွေ့ပြီးဖွင့်ပြောလိုက်တာ ။ သူကငါ့ကို ငြင်းတယ်လေ ငါလည်း သုခနဲ့သုတတို့အကြောင်းအကုန်ပြောပြလိုက်တယ်။ "

"ဟာ မာယာ နင်အလိုပြောတော့ သူဘာဆက်ပြောလဲ"

"သူကလား "

မာယာပြတင်းပေါက်နားသို့တစ်လှမ်းချင်းသွားရင်း အေရီရယ်ကိုကျောခိုင်းလိုက်သည်။

"သူကမယုံဘူးတဲ့  ငါ့ကိုသူကစမ်းတာလေ
အဲ့တော့ ငါပြောလိုက်တယ် "

"....."

မျက်နှာငယ်လေးနှင့်နားထောင်နေခဲ့သောအေရီရယ်ကို

"သုခက သုတနဲ့ ဟိုအဆင့်ထိ ရောက်ပြီးသားလို့ ပြောလိုက်တာ  ချက်ချင်းဖုန်းကျသွားတယ်လေ
ဟားဟား င့ါကိုအဲ့လိုလုပ်လို့မရဘူး "

"နင်ဘာလို့ မဟုတ်တာပြောလိုက်တာလဲ
အဲ့ဒါကြောင့်ကားမှောက်ပြီး ချောက်ထဲကျတာ နင်လုပ်ရက်တယ်မာယာ"

မာယာဖုန်းဆက်ပြီး​ေပြာခဲ့တဲ့စကားတွေကြောင့်ဖုန်းကို ချက်ချင်း ကျသွားခဲ့သည်။ အရှေ့က ကွေ့ကို ဖုန်းထဲကစကားသံတစ်ခုကြောင့်မမြင်ပဲပြောင်းပြန်ကွေ့မိခဲ့သည်။ ထိုအနီးအနားဆိုင်ကယ်တွေ သွားနေတာ​ကြောင့် အမြန်ကားကို ဆွဲယူပေမဲ့ ကားက အရေးမကြီးတာကောင့် လူကိုသာ ဆွဲထုတ်ခဲ့ကြသည်။  သို့ပေမဲ့ အချိန်က မမှီခဲ့တော့ပေ။ သုခရဲ့စိတ်နဲ့ ဒီရေ ကိုင်ထားတဲ့ဖုန်းကို ဘေးနားကလူများက နောက်ဆုံး ဒီရေနဲ့ပြောနေသူထံဖုန်းဆက်ပြီး ပြောကြားခဲ့ကြသည်။ ရွဲကိုဖုန်းဆက်ဖို့ ဒီရေ ကိုယ်တိုင်ပြောခဲ့တာကြောင့် အကူညီပေးကြပေမဲ့ ခေါင်းထဲသို့ ကားကလွှင့်စင်လာတဲ့မှန်စတွေကြောင့် အတော်ပင် သွေးတွေစီးကျနေခဲ့သည်။ သို့ပေမဲ့ အားယူကာ ပြောခဲ့သေးသည်။

စူးနစ်ခဲ့သော လမ်းတစ်ခု    စူးနစ်ခဲ့သော လမ်းတစ်ခု(completed)Where stories live. Discover now