28.အကို့ရဲ့အချစ်တွေ မင်းမြင်ပါစေ

4.7K 187 32
                                    


မှောင်မိုက်တဲ့ မိုးကောင်းကင် အောက် လူသားနှစ်ဦး လမ်းလျှောက်လာခဲ့ကြတယ်။    လှပမှု့မရှိတဲ့ မိုးကောင်းကင်ကြောင့်   အဖြူရောင်သက်သက် လျှပ်စီးကြောင်းများက.  အလင်းရောင်ဖြာဖြာ မြင်ရစေဖို့ ကူညီနေလေရဲ့ ။ အိမ်ပြန်ချိန်တွေကို မုန်းတဲ့ ကျနော် ဒီတစ်ခါလည်း ထပ်မုန်းနေမိပြီ။ ထပ်မံရက်စက်မှု့ကို ကျနော် ကိုယ်တိုင် ရင်ဝယ်ပိုက်ထားနေခဲ့ရတယ်။

"အကို "

ကျောပိုး ချီထားသော ကလေးငယ်ကို ခေါင်းလေး ပြန်မြင့်ပြီး လှည့်ကြည့်မိသည်။  ကျနော် သိပ်ချစ်တဲ့ အကိုရဲ့ မျက်ဝန်းတွေက တော့ ကျနော့်ကို မညာဘူး။  ချွေးစိုနေတဲ့နှဖူးပြင်က မိုးရေစက်တွေနဲ့ အတူ သိပ်ကို လှပလွန်းတယ်။ ဆွဲဆောင်မှု့ အပြည့်ရှိနေတဲ့ အကိုရဲ့ မျက်လုံးထက်က မျက်ခုံးထူထူကြီးကို ကျနော် သိပ်မြတ်နိုးတယ်။ ပင့်တင်ပြီး   ကြည့်လာတဲ့ မျက်ဝန်းစူးစူးတွေကိုလည်း သိပ်ကြိုက်တယ်။

"ပြောလေ    ဘာကြည့်နေတာလဲ"

ကျနော့်ကိုယ်တိုင်တောင်မသိ   အကို့မျက်လုံးတွေ နှုတ်ခမ်းတွေကို ကြည့်နေရင်း ကျနော် ပင် သတိမေ့သွားသလို။ မိုးရေထဲ မင်သက်လာတဲ့ အကိုရဲ့ ရုပ်ရည်ရူပကာ ကို  ကျနော် အပြစ်ပြောစရာ မရှိလောက်အောင် သိပ်ပြီးပြည့်စုံလွန်းတယ်။
အကို  ပြောမှပဲ ကျနော် မေ့မျောသွားတာ သတိပြန်ဝင်လာခဲ့တယ်။

"ဟို    ကျနော်လေ   အကို့  ဆီမှာ ထပ် မ.  နေ   သင့်    တော့   ဘူးထင်တယ်"

ကျနော် တုန်တုန်ရီရီနှင့်စကားလုံးများကို   တစ်လုံးချင်းးဆီ ပြောမိတယ်။

"မနေသင့်ဘူး      ဟုတ်လား   "

အေးဆေးစွာပြောလာသော အကို့ရဲ့ ပုံစံက သိပ်ပြီးနာကျင်မှု့ မရှိသလို။

"ကျနော့်ကိုထွက်သွားခွင့်ပေးပါ "

"မရဘူး သုခ လုံးဝကို မဖြစ်နိုင်ဘူး တကြိမ်တစ်ခါ ထားသွားလို့ 
ငါသေမတတ် ရူးခဲ့ပြီးပြီ ထပ်ပြီး ငါ့ကို ထားမသွားပါနဲ့"

"ဒါပေမဲ့ အခု အကို့ လုပ်ရက်က သိပ်ကို ပြင်းထန်တာကိုကော အကို
ပြီးတော့ ဒီလို လုပ်လို့ ကျနော့် ကလေးကိုပါ   ထိခိုက်လာနိုင်တယ်လေ "

စူးနစ်ခဲ့သော လမ်းတစ်ခု    စူးနစ်ခဲ့သော လမ်းတစ်ခု(completed)Where stories live. Discover now