27.ထပ်မံရွာသောမိုး

4K 178 23
                                    

"ချပေးတော့ "

"ဘာဖြစ်လို့ချပေးရမှာလဲ ငြိမ်ငြိမ်လိုက်ခဲ့"

"ကျနော် ပြန်မလိုက်ချင်ဘူး အကိုက ကျနော့်ကိုမုန်းနေတာမလား"

"ပြန်မလိုက်ဘူးပေါ့ရတယ်လေ"

ရှေ့က ကားထဲသို့ရောက်တော့ ကလေးငယ်ကို ကားပေါ်တင်ပေးလိုက်သည်။

"ငြိမ့်ငြိမ်ထိုင်နော် "

ထို့နောက်ကားတံခါးပြန်ပိတ်ပြီး diver seatတွင်ဝင်ထိုင်လိုက်သည်။

"အကိုဒီရေ ဆုံးပြီ အကို"

တိတ်တဆိတ်ပြောလာသောစကားနှင့်အတူ မျက်ရည်အနည်းငယ်ဝဲလာတော့သည်။

"ငါသိတယ် မင်းကောင်သေပြီဆိုတာ "

"အကိုက ဝမ်းမနည်းဘူးလား အကို့သူငယ်ချင်းလေ"

"ဘာလို့ဝမ်းနည်းရမှာလဲ သူကြောင့်မင်းငါ့ဆီကထွက်ပြေးတာလေ"

ကားထဲနှစ်ယောက်သားစကားပြောလာခဲ့တာ အိမ်ရောက်ခါနီးမှ စကားသံတွေရပ်သွားကြသည်။ အိမ်ရှေ့သို့ရောက်နေသော်လည်း သုခကားပေါ်ကမဆင်းချင်။ အနည်းငယ်ကြောက်ရွ့ံနေမိသည်။

"ဆင်းလေ"

"ဟင့်အင်း ကျနော် အကိုနဲ့မနေချင်တော့ဘူး"

"မရဘူး"

ခါးပတ်ပတ်ထားသောသုခကို သုတကိုယ်တိုင်ဆွဲဖြုတ်ပေးတော့ သုခရဲ့မျက်နှာနား အချင်းချင်းနီးကပ်သွားသည်။ ကလေးငယ်သုတရဲ့မျက်နှာကိုရှောင်ဖို့ ကားရဲ့အပြင်ဘက်ကိုသာလှမ်းကြည့်နေသည်။ သုတလည်းခါးပတ်ဖြုတ်ပေးပြီး ကားပေါ်ကဆင်းကာ သုခကို ဆွဲချီလာသည်။ ဗိုက်ထဲက ကလေးငယ်ကို မထိမိစေရန် ဖြေးဖြေးချင်း အိမ်ထဲသိို့ ဝင်ရောက်လာသည်။

"သား သုခလေး ပြန်ရောက်လာပြီလား"

"ဟုတ်တယ်ကျနော် ကိုယ်တိုင်သွားခေါ်လာတာ ဦးထွန်း
ထမင်းမစားရသေးဘူး ပြင်ထားပေးပါဦးနော် ပြီးတော့ ကျနော့်ကိုနွားနို့လေးပါဝယ်ထားပေးပါ"

သုခကို စကားဝင်မပြောအောင်သူအရင်ပြောပြီး အပေါ်ထပ်သို့ ချီထားတဲ့အတိုင်းပွေ့ထားသည်။

စူးနစ်ခဲ့သော လမ်းတစ်ခု    စူးနစ်ခဲ့သော လမ်းတစ်ခု(completed)Where stories live. Discover now