30.အချစ်❤

2.1K 79 2
                                    

unicode.

အချစ်တဲ့ တကယ်ခံစားဖူးမှ ချစ်တတ်တာမျိုး.........

''ကိုကို ကျွန်တော် ခေါင်းမူးနေတယ် ။ "

လှေကားထစ်နားက ဆံပင် မဖြီးလိမ်းထားတဲ့ မျက်နှာဆူပုပ်ပုပ်လေးက ကျွန်တော့်လို လူအတွက် မင်သက်စရာ မျက်နှာလေး..

ကျွန်တော် မချစ်ခဲ့ဖူးထင်ခဲ့တဲ့ ဒီကောင်လေးက ကျွန်တော့်အတွက် တစ်ခုထဲသော လူတစ်ယောက် ။

ကျွန်တော် ထမင်းဝိုင်းမှာထိုင်နေရင်း ဆင်းလာတဲ့ ခ နားသွားလိုက်သည်။ သူ့သိပ်ချစ်ရတဲ့ လူတစ်ယောက်ရဲ့နားနေခွင့်ရတာ ဘယ်လောက်ကျေနပ်စရာကောင်းလဲဆိုတာသူအသိဆုံး။

'' ဖျားနေလို့လား ခလေး မနေ့က ရေချိုးတာ အကြာကြီးလေ
ကိုယ်ပြောသားပဲ ခ ကလေ ဘယ်တော့မှ ကိုယ့်စကားနားမထောင်ဘူး။ "

ကျွန်တော်ဆူနေပေမဲ့ သူကတော့ ကျွန်တော့်ကို အေးဆေးသာကြည့်နေတယ်။

'' လာဆေးခန်းသွားမယ် ဒီလိုလုပ်နေလို့မရဘူး "

သုခရဲ့ လက်တစ်ဖက်ကို ဆွဲလိုက်တော့ ပြန်ပြီး လက်ကို ရုတ်သိမ်းလိုက်တဲ့ ခ

ကျွန်တော်တွေဝေသွားတယ်

''ဘာဖြစ်လို့လဲ "

''ခ မလိုက်ချင်ဘူး ။ ပြီးတော့ နေမကောင်းတာက ပျောက်သွားမှာ။ ''

'' ဒါဆို မုန့်ထွက်စားမယ်လေ။ ပြီးရင် လျှောက်သွားမလား။ "

" အင်း "

ကျွန်တော်လည်း သုခ လက်ကိုထပ်မံဆွဲလိုက်ပြီး စားသောက်ဆိုင်တစ်ဆိုင်ဆီ ဦးတည် မောင်းထွက်လာခဲ့လိုက်တယ်။ သုခကတော့ တစ်လမ်းလုံး စကားမပြောပဲ အပြင်သာငေးကြည့်နေတယ်။

'' ခ ကိုယ်ခေါ်တာ ကြားလား"

''......''

''ခ ကိုယ်ခေါ်နေတယ်လေ "

" ဟင် အင်း "

''ဘာတွေတွေးနေတာမို့ ကိုယ်ခေါ်နေတာ မကြားရတာလဲ "

ဆိုင်ရှေ့ရောက်ပြီမို့ သုခ ကိုယ်ပေါ်ပတ်ပေးထားတဲ့ ကားပတ်ကို ဆွဲဖြုတ်ပေးလိုက်တယ်။ ကျွန်တော် အရမ်းလွမ်းနေရတဲ့ ပါးပြင်လေး တစ်ချက် နမ်းရင်း ဆိုင်ထဲဝင်ဖို့ ပြင်လိုက်တယ်။

စူးနစ်ခဲ့သော လမ်းတစ်ခု    စူးနစ်ခဲ့သော လမ်းတစ်ခု(completed)Where stories live. Discover now