22.အသက်ရှုသံ

3.7K 171 18
                                    

နိုးထမလာတဲ့ ခံစားချက်တဲ့

မကြုံဖူးလို့ မသိတာပါ

တကယ်တော့ရှိတယ်။

မှားခဲ့ဖူးတဲ့အမှားတစ်ခုက

လူတစ်ယောက်ရဲ့ဘဝတစ်ခုလုံးကို

ထိခိုက်သွားတယ်ဆိုတာ

အချစ်လို့ယူဆထားပြီး နာကျင်မှု့ကို မသတ်မှတ်လိုက်ပါနဲ့။

ဒေါက် ဒေါက် ဒေါက်......

"ဝင်လာလေ"

ဒီရေ အခန်းတံခါးလေးကိုဖွင့်ပြီး ရွဲဘေးနားသို့ဝင်ထိုင်လိုက်သည်။

"မမ ကျနော် မမကိုပြောစရာရှိလို့"

"ပြောလေ"

"ကျနော် သုခကို အရမ်းသနားတယ် "

"ကယ်ပြောပါဦး ဘာဖြစ်လဲဆိုတာ"

"မမ သုတက ကျနော်ရဲ့ သုခကို  "

"အင်း မမလည်းမေးမလို့ ဘာဖြစ်တာလဲ အကုန်ပြော "

ရွဲရှိန်ဝါအိပ်မပျော်သဖြင့် တီဗီကြည့်ရင်း နေကြာစေ့အခွံနွှာနေလေရဲ့။

"သုတက လေ လူငါးယောက်ဆီကို ကျနော်ရဲ့ ကလေးလေးကို ရောင်းခဲ့တာ ။ သူတော်တော် ယုတ်မာတယ်မမ ။ မမရဲ့အနာဂတ်သတိုးသားလောင်းက အတော်ယုတ်မာတယ်။ "

" မမနားမလည်ဘူး သုတကိုယ်တိုင်ကဘာလို့ရောင်းခဲ့တာလဲ"

"သူက လုပ်ကြံခိုင်းတာ ။ "

ဒီရေရဲ့ စကားသံအဆုံး ရွဲရှိန်ဝါ တီဗီကို ပိတ်လိုက်ပြီး

"သုတက အဲ့လောက်ရက်စက်ပါလား။ သူ့ညီတစ်ယောက်လုံးကိုတောင် "

"အဲ့ဒါမမ ကျနော့်ကြောင့် ကျနော်ကို သုခနဲ့သဘောမတူနိုင်လို့ သုတက အဲ့လိုလုပ်တာ
ကျနော့်ကြောင့် ကျနော့်ကြာင့် ကျနော့် ကလေးလေးနာကျင်နေရတာ"

"မဟုတ်ပါဘူး မောင်လေးကြောင့်မဟုတ်ဘူးနော် အဲ့လိုမတွေးပါနဲ့ မမမောင်လေးက လူတိုင်းအပေါ်ကောင်းတာ အဲ့လိုမဟုတ်ဘူးနော်"

"မမ ကျနော့်မှာ တိုင်ပင်စရာမမပဲရှိတယ်"

"မမသိတယ် မမမောင်လေးက အကောင်းဆုံးပဲ
မမက မင်းကို မောင်လေးအရင်းတစ်ယောက်လို ချစ်တာပါ မင်းသိတယ်မလား "

စူးနစ်ခဲ့သော လမ်းတစ်ခု    စူးနစ်ခဲ့သော လမ်းတစ်ခု(completed)Where stories live. Discover now