23.ပြန်လာပေးပါ

3.9K 204 40
                                    

စွန့်ခွာသွားတိုင်းလည်း  မမုန်းလိုက်ပါနဲ့။

သူစွန့်ခွာသွားတယ် ဆိုတဲ့ အကြောင်းတရားလေးလည်း

မြင်အောင်ကြည့်ပါ။

အချစ်မှာ မျက်စိမရှိဘူးတဲ့ ။

ဖြစ်နိုင်ပါတယ်။ ကျနော့်အချစ်ကို အကိုမမြင်သလိုပေါ့။

"ဒေါ်မြရေ ဒီရေ နိုးပြီလား "

ရွဲရှိန်ဝါ ကော်ဖီကိုငဲ့ထည့်ရင်းလက်ထဲက ပေါင်မုန့်ကြက်ဥကြော်ကို သာစားနေရင်း မေးလေသည်။

"နိုးပြီသမီး သူ့ကိုခုပဲ ဒေါ်မြနိုးလာခဲ့တယ်"

"လာပါပြီ မမရဲ့ "

ဒီရေ လှေကားထပ်က ဆင်းလာပြီး ရွဲရဲ့ဘေးနားက ကုလားထိုင်တွင်ဝင်ထိုင်လိုက်သည်။

"ဟယ် သုခကိုလည်း နိုးခဲ့ဦးလေ"

"အာ ဟုတ်သားပဲ ကျနော် သွားနိုးလိုက်ဦးမယိနော်"

"အေး မြန်မြန် ငါဒီနေ့ ရုံးမှာPhoto bookအတွက် စီစဥ်ရမှာ"

"အင်းပါ "

ဒီရေ ကော်ဖီခွက်ကို မော့သောက်လိုက်ပြီး သုခအိပ်တဲ့ အခန်းသို့ ပြေးတတ်လာခဲ့သည်။
တံခါးဂျက်မချထားသောကြောင့် အခန်းထဲသို့ ဝင်သွားသည်။ ဝင်ဝင်ချင်းထိန့်လန့်သွားခဲ့သည်။
တခန်းလုံးလည်းရှာတာရှိမနေခဲ့။ အနည်းငယ် စိတ်ထဲစိုးရိမ်သွားခဲ့သည်။ ကုတင်ဘေးပတ်လည်ကိုလည်း အတင်းလှန်ရှာနေသည်။

"ကလေးရေ မင်းဘယ်မှာလဲ"

အနားယူနေတဲ့ကလေးငယ်လေး သူဘယ်သူ့ရဲ့ ခေါ်သံတွေကိုမှ မကြားတော့ဘူးတဲ့လေ။ အိပ်နေတာလား ဆိုတာ မသေချာတဲ့ကံကြမ္မာတစ်ခုကြောင့် ထိုကောင်လေးရဲ့ ပြန်ထူးသံတွေ ဘယ်သူမှမကြားတော့ဘူး။

"ရေချိုးနေတာများလား"

ဒီရေ ရေချိုးခန်းတံခါးကို ခေါက်လိုက်သည်။

တောက် တောက် တောက်........

"ကလေး မင်းကို အောက်မှာ မနက်စာစားဖို့စောင့်နေတယ် မြန်မြန်ချိုးဦး
အအေးပတ်နေမယ် ကျန်းမာရေးလည်းကောင်းတာမဟုတ်ဘူး"

စူးနစ်ခဲ့သော လမ်းတစ်ခု    စူးနစ်ခဲ့သော လမ်းတစ်ခု(completed)Tahanan ng mga kuwento. Tumuklas ngayon