Part 1
ဝမ်အိမ်တော်မှာ အစ်မတော်ပျောက်နေတာကြောင့် အားလုံးဝိုင်းရှာနေကျ၏
" သခင်လေး...သခင်လေး!
သခင်မလေးက ရေကန်ထဲမှာ ""ဘာ! "
ဝမ်သခင်ကြီးနဲ့ ဝမ်ယွမ်ပြေးကြည့်လိုက်တော့
ရေထဲမှာပေါ်လာတဲ့ အစ်မတော်အလောင်းကို
တွေ့ရလေသည်။" ဒါဘယ်သူ့လက်ချက်လဲ..ဒါဘယ်သူလက်ချက်လဲ သမီးတော်...သမီးတော်! "
အမေနဲ့အဖေငိုနေသလို ဝမ်ယွမ်လည်းကြည့်ရင်း မျက်ရည်ကျနေမိသည်။
" အလောင်းကို တိတ်တဆိတ်ရှင်းလိုက် "
" အမတ်ကြီး! "
"တိတ်တဆိတ်ရှင်းလိုက်ပါ..သားတော်
အခန်းထဲဝင်လာခဲ့ "ဝမ်ယွမ်နဲ့အမေ အဖေခေါ်ဆောင်ရာနောက်ကို
လိုက်လာခဲ့လိုက်သည်။ အခန်းထဲရောက်တော့
အဖေက သူအပေါ်ကခြုံထားတဲ့ ခြုံထည်ကိုဆွဲချွတ်လိုက်သည်။" အဖေ "
"သား..မင်းအစ်မနေရာကို အစားဝင်ရမယ် "
" အမတ်ကြီး ဘာပြောလိုက်တာလဲ "
"ဟုတ်တယ်ရှင်မ ငါ့တို့သားက
ကြင်ယာတော်နေရာကို အစားဝင်မှဖြစ်မယ် "" ဒါ..ဒါကဘုရင်သိသွားရင်သေဒဏ်ပဲ "
အမေက သူကိုကြည့်ပြီး တိတ်လန့်စွာဆိုလေ၏
"အခုကောဘာထူးလို့လဲ သမီးတော်သေမှန်းသိရင်
ကိုယ်တို့တစ်အိမ်သားလုံးအသတ်ခံရမှာ "" အဟင့်..ဟင့် ကျွန်မသမီးကိုဘယ်သူ့သတ်တာလဲ "
" အစ်မတော်ကိုသတ်တဲ့သူကိုကလဲ့စားချေရမယ် "
" အစ်မတော်ကိစ္စကိုမေ့လိုက်ပါသားတော်
မမေ့နိုင်ရင်သားတော် အန္တရာယ်များတယ်။ အခုသားတော်မျက်နှာကို ဖုံးအုပ်ထားစရာမလိုတော့ဘူး။ မိန်းကလေးတွေထက်ချောနေတဲ့ သားတော်ကို
ဘယ်သူမှယောက်ကျားလေးလို့ မမြင်ခဲ့ဘူး။ ယုံလည်းမယုံကြည့်ခဲ့ကျဘူး။ ချောမောလှပလွန်းတဲ့ရုပ်ရည်ကြောင့် အမြဲတမ်းသားတော်အိမ်ထဲမှာ ပုန်းနေခဲ့ရတယ်။ အခု..အခုတော့ သားတော်အစ်မတော်ဝမ်ယင်အစားဝင်ရမယ် "