Chapter (47)

219 43 3
                                    

အပိုင်း (၄၇)

လေယာဉ်ဆင်းတာနဲ့ လင်ကျိုးမြို့ဟာ ကျင်ရှိုပြောသလိုမျိုး နှင်းတဖွဲဖွဲကျနေတာကို မြင်လိုက်ရတယ်။ ဆီးနှင်းကျတာက ပိုပိုပြီး ပြင်းထန်လာရုံသာ ရှိမယ့်သဘောပဲ။ ရေဒီယိုအသံလွှင့်ချယ်နယ်ကနေ  လေယာဉ်ခရီးစဉ်တော်တော်များများ နှောင့်နှေးကြန့်ကြာမည်ဖြစ်ကြောင်း အဆက်မပြတ်သတင်းပေးနေလျက်။

မြို့တစ်မြို့ကို ခဏတဖြုတ်သွားလာတာမျိုးဖြစ်လို့ လေဆိပ်မှာ လာကြိုမယ့်ဖန်တွေမရှိ။ အချိန်ကုန်သက်သာစေဖို့ ကျီရုံယန်က VIP ထွက်ပေါက်ကနေ ထွက်တယ်။ လမ်းမှာ ဖြတ်သွားဖြတ်လာသူတွေက သူ့ကို မှတ်မိသွားပြီး ဝိုင်းအုံတိုးကျိတ်လာမယ့် ဖြစ်နိုင်ချေကို ရှောင်ရှားနိုင်ဖို့အတွက်ပဲ။

ကားပေါ်ရောက်တဲ့အထိ အရာအားလုံးက ကျီရုံယန် မျှော်လင့်ထားသလို အဆင်ပြေချောမွေ့နေပေမယ့်လည်း ဟော်တယ်နဲ့ တစ်လမ်းအကွာမှာ ကားစပိတ်တော့တယ်။

ကားပိတ်တာကို ထိုင်စောင့်ရုံအပြင် တခြားနည်းလမ်းမရှိ။ ယာဉ်ကြောသတင်းပို့ရေဒီယိုကနေ ကြေညာလာတာက ရှေ့လမ်းမှာ မတော်တဆမှုဖြစ်လို့ ထိခိုက်ဒဏ်ရာရသူ မနည်းရှိနေပါတယ်တဲ့။

ကျီရုံယန်ဟာ ရေဒီယိုအသံလွှင့်တာကို ပျင်းပျင်ရိရိထိုင်နားထောင်နေတုန်း မတော်တဆသတင်းကြားလိုက်ရတဲ့အချိန် စိတ်ထဲ ရှင်းမပြတက်လောက်အောင် တုန်လှုပ်လာတယ်။ အာရှို စိုးရိမ်တာလည်း မှန်တာပဲလေ။ နှင်းကျနေတုန်း ကားမောင်းတာ တကယ့်ကို မလုံခြုံဘူးရယ်။

ဒီမတော်တဆမှုတစ်ခုကြောင့် အနည်းဆုံးမိသားစုနှစ်ခုလောက်ရဲ့ဘဝကို တပြောင်းတပြန်ဖြစ်သွားစေနိုင်တယ်။

စိတ်ထဲဝမ်းနည်းနေတဲ့အချိန် ဖုန်းက ရုတ်တရက် ထမြည်တယ်။ ကျီရုံယန်မှာ ရုတ်တရက်လန့်သွားတာမို့ လက်က တုန်တောင်တုန်သွားတယ်။ ဖုန်းစခရင်ပေါ်က ကျင်ရှိုဆိုတဲ့ နာမည်ကို မြင်လိုက်တဲ့အချိန် နှလုံးသားလေး ခုန်ပေါက်သွားလျက်။

သူ ပြန်မွေးဖွားလာကတည်းက ဒါဟာ ကျင်ရှိုဘက်ကနေ စပြီး ပထမဆုံးအကြိမ် WeChat ကနေ ဖုန်းခေါ်လာတာပဲ။

ငါ စောင့်ဆိုင်းပေးနိုင်ပါတယ် [mm translation]Where stories live. Discover now