Chapter (32)

250 51 4
                                    

အပိုင်း (၃၂)

ပွဲမစသေးခင် အချိန်ကျန်နေသေးကာ လူတိုင်းကလည်း မိတ်ဖွဲဖို့အလုပ်များနေကြတယ်။ ကျီရုံယန်နဲ့ ကျင်ရှိုတို့ရဲ့စားပွဲမှာ ထိုင်နေတဲ့လူတွေက ကျင်ရှိုလိုနာမည်ကြီးမဟုတ်ရင် ဒီနှစ်မှာ လူမှုကွန်ယက်စာမျက်နှာကနေ နာမည်ကြီးလာတဲ့လူတွေချည်းပဲ။

ကျီရုံယန်ဟာ အရင်ဘဝတုန်းက ဒီနှစ်ထဲမှာ အနုပညာလှုပ်ရှားမှုတွေရပ်တန့်သွားခဲ့တာမို့ ဒီပွဲကို မတက်ခဲ့ဖူးဘူး။ သူ့အထင် သူ တက်ရောက်ခဲ့ရင်တောင် ကျင်ရှိုကြောင့်သာမဟုတ်ရင် ဒီစားပွဲမှာ ထိုင်လို့ရပါ့မလားပဲ။

ကျင်ရှိုက သီးသန့်နေလို့ လူတွေနဲ့စကားစမြည်းပြောတာမျိုး သိပ်မရှိပေမယ့်လည်း အဆက်အသွယ်ကတော့ သိပ်မဆိုးလှ။ ကျင်ရှိုဆီ လူတွေလာလာပြီး နှုတ်ဆက်ကြသလို၊ ကျန်းမာရေးအခြေအနေကိုလည်း မေးကြတာ စုပေါင်းပါတီလုပ်ဖို့ပါ ဖိတ်ကြားလာသေးတယ်။ ဓာတ်ပုံတွဲရိုက်ဖို့ လာမေးကြသူများလည်း မနည်းလှဘူ။

ကျင်ရှိုက အဲ့လူတွေနဲ့ ဓာတ်ပုံတွဲရိုက်နေတာကိုကြည့်ပြီး ကျီရုံယန်ရဲ့ရင်ထဲ ဘောင်ဘင်ခတ်လာတယ်။ ဒီနှစ်အတွင်းနာမည်ကြီးလာတဲ့ သရုပ်ဆောင်မင်းသမီးရှူလီနဲ့ ကျီရုံယန် စကားပြောရင်းကနေ ကျင်ရှိုဘက်မှာ လူရှင်းသွားတာကို မြင်တာနဲ့ ကပ်တိုးလေးမေးလိုက်တယ်။
"ကျင်လောင်ရှီး ကျွန်မတို့လည်း ဓာတ်ပုံအတူရိုက်လို့ရမလား"

ကျင်ရှိုမှာ အံ့ဩသွားလို့။ ကျီရုံယန်က သူနဲ့အတူတူ  နောက်ဆုံးဓာတ်ပုံတွဲရိုက်တာ ဘယ်အချိန်လောက်ကမှန်း မှတ်တောင်မမှတ်မိတော့ဘူးရယ်။

ကျီရုံယန်မျက်နှာပေါ်က မျှော်လင့်တကြီးဖြစ်နေတဲ့ပုံရယ် ရှူးလီရဲ့စပ်စုချင်နေတဲ့အမူအရာရယ်ကိုကြည့်ရင်း ကျင်ရှို ခေါင်းညိတ်ပြလိုက်ကာ လိုလိုလားလားပြောလိုက်တယ်။
"ဟုတ်ပြီလေ"

ကျီရုံယန် ပြုံးပြလိုက်ပြီး ကျင်ရှိုဘေးနားတိုးကပ်လိုက်တယ်။

အဲ့အခိုက် လေအဝှေ့နဲ့အတူပျံလွင့်လာတဲ့ ကျီရုံယန်ရဲ့ကိုယ်ရနံ့သင်းသင်းလေးက ကျင်ရှိုရဲ့နှာဖျားဆီ ကသီလို့။ တစ်ဆက်တည်းမှာပဲ ကျီရုံယန် ရေမွှေးဆွတ်ရင် လုပ်တတ်တဲ့အကျင့်တွေကပါ ကျင်ရှိုရဲ့ ဦးနှောက်ထဲ အလိုလိုပေါ်လာတော့တာ။ ကျီရုံယန် ရေမွှေးဆွတ်တတ်တဲ့နေရာတွေက လက်ကောက်ဝတ်နား၊ နားရွက်နောက်၊ လည်တိုင်... ကျင်ရှိုမှာ တံတွေးကို မသိမသာမျိုချလိုက်ရင်း နှုတ်ခမ်းကို ခပ်တင်းတင်းစေ့ထားလိုက်တော့တယ်။

ငါ စောင့်ဆိုင်းပေးနိုင်ပါတယ် [mm translation]Where stories live. Discover now