Chapter (42)

240 49 2
                                    


အပိုင်း (၄၂)

ကျန်းချွမ်နဲ့ဖုန်းပြောပြီးတာနဲ့ ကျင်ရှိုဟာ ကျီရုံယန် သီချင်းဆိုတဲ့ဗီဒီယိုကို ထပ်တလဲလဲပြန်နားထောင်မိတယ်။ ဘယ်နှစ်ကြိမ် နားထောင်မိလဲမသိ။ နောက်ဆုံး နားကြပ်တပ်လျက်သား အိပ်ပျော်သွားခဲ့တာ။

နောက်နေ့ အိပ်ယာနိုးတော့ နေတောင်တော်တော်မြင့်နေပြီ။ ယောင်ရှောင် တံခါးလာခေါက်ပြီး ဝင်လာတဲ့အချိန် ကျင်ရှိုမှာ အိပ်ချင်စိတ်မပြေသေးဘူး။

"ကျင်ကျဲ နိုးလာပြီလား"
ယောင်ရှောင်က ကျင်ရှို ဒီနေ့ဝတ်မယ့်ဝတ်စုံကိုကိုင်ရင်း အသံသာသာနဲ့မေးလိုက်တယ်။

ကျင်ရှို မျက်လုံးကို ပွတ်သပ်ရင်း နှာသံနဲ့မေးလိုက်တယ်။
"ဘယ်အချိန်ရှိပြီလဲ"

"၉ နာရီထိုးခါနီးပြီ"

ကျင်ရှို​ မှင်သက်သွားပြီး တစ်ခုခုကို ဖျက်ခနဲ့သတိရသွားတာနဲ့ ကောက်ကာငင်ကာထထိုင်တယ်။ ဆံပင်ကိုသပ်ရင်း ဖုန်းထုတ်ကိုင်ကာ Weibo ထဲဝင်လို့ သတင်းကို တစ်ချက်စောင့်ကြည့်ရတယ်။

ထင်ထားတဲ့အတိုင်း "ကျီရုံယန်က ကျင်ရှိုကို ည၀၀နာရီတိတိမှာဝန်ခံ" ဆိုတဲ့ ခေါင်းစည်းက ထိပ်ပိုင်းကိုရောက်နှင့်နေပြီ။ ဝင်ကြည့်လိုက်တော့ ရေပန်းအစားဆုံးကောမန့်တွေမှာ ဖန်တွေရဲ့ တအံ့တဩကော့မန့်တွေ၊ ဖြတ်သွားဖြတ်လာ ဖရဲသီးစားကြတဲ့လူတွေအပြင် ဒီ CP ကို ship ချင်တဲ့ဆန္ဒတွေဖြစ်လာကြောင်း ပြောထားတာတွေနဲ့ တကယ်ကြီးတွဲနေကြပါစေလို့ ဆုတောင်းထောပနာပြုထားကြတဲ့ ကောမန့်တွေအထိပါတယ်။

ကျင်ရှိုရဲ့မျက်ဝန်းတွေ လှုပ်လှုပ်ရှားရှားဖြစ်လျက်။

ကျင်ရှို Weibo ကပို့စ်တွေ ဖတ်နေတာကို ယောင်ရှောင်အလိိုလိုသိလိုက်တယ်။ ကျင်ရှိုရဲ့လက်ထောက်တစ်ယောက်အနေနဲ့ မနက်ခင်းအိပ်ယာနိုးတာနဲ့ ပထမဆုံးလုပ်တဲ့အလုပ်က မကောင်းသတင်းတွေရှိနေရင် ချက်ချင်းသိအောင် Weibo နဲ့ တခြားလူမှုကွန်ယက်စာမျက်နှာတွေကို သွားစစ်ကြည့်ရတာပဲ။ စစချင်း ခေါင်းစည်းပိုင်းကို မြင်တဲ့အချိန် ယောင်ရှောင်မှာ နှလုံးခုန်ရပ်မတက် လန့်သွားပြီး ကျန်းချွမ်ကို ချက်ချင်းဖုန်းခေါ်ရတယ်။

ငါ စောင့်ဆိုင်းပေးနိုင်ပါတယ် [mm translation]Where stories live. Discover now