Chapter (39)

259 48 0
                                    



အပိုင်း (၃၉)

စာသားတွေက နူးညံ့လှတဲ့သီချင်းစာသားသက်သက်ဆိုပေမယ့်လည်း ကျီရုံယန်ရဲ့အသည်းနှလုံးသားကို အလုံးစုံဖျက်ဆီးပစ်ဖို့ အစွမ်းပကားရှိနေသယောင်။ အဲ့စာသားလေးကိုကြည့်ရင်း မျက်ရည်တွေ ထပ်ကျလာပြန်တယ်။

သူ အမြဲထင်ခဲ့မိတာက သူဟာ ကျင်ရှိုနဲ့မထိုက်တန်တဲ့ အညတရလူတစ်ယောက်လို့လေ။ ဒါပေမယ့် သူ့လိုလူမျိုးက ကျင်ရှိုရဲ့ နာကျင်စရာအိပ်မက်ဖြစ်နေမှန်း သူ တွေးတောင်မတွေးရဲခဲ့ဘူး။

ကျင်ရှိုရပ်နေတဲ့နေရာဟာ တဖြည်းဖြည်းနဲ့မြင့်တက်သွားတာနဲ့အမျှ သူ ပူပန်စိုးရိမ်ခဲ့ဖူးတယ်။ ကျင်ရှိုက သူ လှမ်းမမှီနိုင်တဲ့ ဖြစ်တည်မှုမျိုး ဖြစ်သွားမှာကို သူအကြောက်ဆုံးပဲ။

ကျင်ရှိုက သူ့ကို မိဘတွေနဲ့ မိတ်ဆက်ပေးချင်တယ်လို့ ဆိုလာတဲ့အခါ ကျီရုံယန်ဟာ စစနောက်နောက်နဲ့-
"တော်ပါပြီ.. ငါ့မှာ ပိုင်ဆိုင်တာ ဘာမှမရှိဘဲ သူတို့သမီးလေးကို လိုချင်ရသလားဆိုပြီး ငါ့ခြေထောက်ကို ရိုက်ချိုးနေကြဦးမယ်"
သူ အဲ့လိုပြောလိုက်တဲ့အချိန် ကျင်ရှိုဟာ နူးနူးညံ့ညံ့အသံလေးနဲ့ သူ့ဆီမှာ ဘာမှမလိုနေပါကြောင်း ပြောပြလာခဲ့ဖူးတယ်။

'ငါ နင့်ကိုချစ်နေတာက နင့်အတွက်အကောင်းဆုံးယုံကြည်ချက်ပဲ' တဲ့

ကျင်ရှိုက သူ့ကို အဲ့လောက်ချစ်တာ... သူ ဘယ်လိုလုပ်ပြီးများ မေ့သွားရတာလဲ။ ကျင်ရှိုဟာ ပြင်ပဂုဏ်သိမ်တွေကို သုံးပြီး သူ့ကို ခိုင်းနှိုင်းခဲ့တာမျိုး မရှိခဲ့ဖူးဘူး။ ဟိုးအစကနေ အဆုံးအထိ သူကိုယ်တိုင်ကပဲ ကိုယ့်ကိုယ်ကိုယ် တိုင်းတာခိုင်းနှိုင်းနေခဲ့တာ။ သူ့အပေါ်ထားတဲ့ ကျင်ရှိုရဲ့အချစ်တွေအပေါ်မှာပါ တိုင်းတာနေခဲ့တယ်။ သူဟာ သိမ်ငယ်မှုတွေကြားမှာ အချိန်အကြာကြီး ကိုယ့်ကိုယ်ကိုယ်ပိတ်လှောင်ထားမိနေတာမို့ သူ့ရဲ့အာရှိုးလေးဟာ အပြင်လူတွေ ထင်ကြေးပေးကြသလိုမျိုး အသည်းမာတဲ့ဘုရင်မမဟုတ်ဘဲ သူ့ရင်ခွင်ထဲခိုဝင်ပြီး တရှုံ့ရှုံ့ငိုတတ်တဲ့ ကောင်မလေးဆိုတာကိုပါ မေ့သွားမိတယ်။

ငါ စောင့်ဆိုင်းပေးနိုင်ပါတယ် [mm translation]Where stories live. Discover now