Chapter (1)

698 78 1
                                    


[Unicode]

အပိုင်း (၁)

ကြည်လင်သာယာသော ကောင်းကင်အောက်၊ ကောင်းမွန်စွာ စိုက်ပျိုးထားသည့် မြက်ခင်းပြင်အောက်မယ် မင်္ဂလာမျက်နှာလွှားဇာ အုပ်ထားသည့် မိန်းမလှလေး တစ်ယောက်ဟာ ပန်းအမိုးခုံးအောက်တွင် ထွက်ပေါ်လာခဲ့သည်။ နောက်ခံအနေဖြင့် ပီယာနိုပညာရှင်မှ ကြည်နူးနာပျော်ဖွယ် သံဇဉ်တစ်ခု တီးခတ်နေခဲ့လျက်။ ထိုအမျိုးသမီးဟာ နံဘေးရှိ အမျိုးသားရဲ့လက်ကို တွဲထားရင်းနှင့် အဆုံးမရှိပေါ်ရသော အဖြူရောင်ကော်ဇော်ထက်ပေါ် ဖြည်းညှင်းစွာ ခြေချလိုက်တော့လေသည်...

ဒီမင်္ဂလာပွဲမှာ လွန်စွာမှလှပပြီး မျက်စိကျိန်လောက်အောင် တောက်ပနေလျက် ပျော်ရွှယ်ရယ်မောသံများနှင့် ပြည့်နှက်နေခဲ့သည်။

"Miss ကျင်ရှိုးအနေနဲ့ Mr. စုန့်ဝမ်ယန်ကို ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ...."
ဘုန်းတော်ကြီးမှာ အရှေ့ရှိအမျိုးသားနှင့် အမျိုးသမီး စုံတွဲကို ကြည့်ရင်း စကားလုံး တစ်လုံးချင်းစီကို သေသေချာချာ ပြောပြနေခဲ့သည်။

"မဖြစ်ဘူး... လက်မထပ်ရဘူး... ကျွန်မ ကန့်ကွက်တယ်... ကျွန်မ ကန့်ကွက်တယ်လို့"
ကျီရုံယန်က ကျင်ရှိုရဲ့လက်ကို လှမ်းဆွဲရန် ကြိုးစားသော်ငှား သူ့လက်က ကျင်ရှိုးရဲ့ခန္ဓာကိုယ်ထဲကိုသာ ဖောက်ဝင်သွားသည့်အဖြစ်ကို မြင်လိုက်ရသည်။ သူ့မှာ ကျင်ရှိုးနံဘေး အရူးတစ်ယောက်ပမာ အော်ဟစ်နေမိ၏။ သို့သော်လည်း တစ်ခုခုက သူ့လည်မျိုအား ညှစ်ထားသကဲ့သို့ ဘာအသံမှ မထွက်နိုင်ခဲ့။

ဘယ်လိုပင်လုပ်လုပ် အသုံးမဝင်ခဲ့ချေ။

သူ ဘာကိုမှ မတားနိုင်။ ဘယ်အရာကိုမှလည်း မထိနိုင်ခဲ့။

"အာရှိုး... ကျင်ရှို..."
မနက် ၃နာရီအချိန် ကျီရုံယန်က သူ့ချစ်ရသူရဲ့နာမည်ကို ရေရွတ်အော်ခေါ်ရင်း အိပ်မက်ဆိုးက နိုးလာခဲ့ရသည်။

မှောင်မိုက်ကာ တိတ်ဆိတ်နေသော ညအချိန်တွင် ကျီရုံယန်မှာ ထိတ်လန့်ချောက်ချားမှုအပြည့်နှင့် နိုးလာခဲ့ရ၏။ ဆံပင်များ ရှုပ်ပွနေသည့်အဖြစ်ကိုတောင် ဂရုမစိုက်နိုင်ပဲ ကိုယ့်ကိုယ်ကိုယ် ပြန်ဆွဲဆိတ်ကြည့်ပြီး အိမ်ယာဘေးစားပွဲပေါ်တွင် တင်ထားသည့် နာရီကို လှမ်းယူကာ အချိန် နေ့ရက်ကို သေချာစစ်ကြည့်မိသည့်အဖြစ်ပင်။ အတော်ကြာပြီးမှ ကျေနပ်သွားလေဟန်အပြုံးနှင့် စိတ်အေးသွားသည့် လေအေးတစ်ချက်ကို မှုတ်ထုတ်မိလိုက်သည်။

ငါ စောင့်ဆိုင်းပေးနိုင်ပါတယ် [mm translation]Where stories live. Discover now