Chapter (28)

267 44 5
                                    

အပိုင်း (၂၈)

ဒီမပြီးပြတ်သေးတဲ့ကိစ္စတွေကြောင့် ကျီရုံယန်မှာ စိတ်မချဖြစ်နေခဲ့ရာ တစ်ညလုံးကောင်းကောင်းအိပ်မရခဲ့။ နံနက်ခင်းအာရုံဦးနေရောင်ခြည်တောင် မသန်းသေးတဲ့အချိန် ကျီရုံယန်နိုးလာခဲ့တယ်။ ဖုန်းကို လှမ်းယူပြီး အချိန်ကြည့်ပြီးတဲ့အချိန်မှသာ မနေ့ညကကိစ္စတွေကို ပြန်အမှတ်ရသွားပြီး Weibo စာမျက်နှာကို ကမန်းကတန်းဖွင့်ကြည့်လို့ hot search တွေလိုက်ကြည့်တယ်။

ထင်ထားတဲ့အတိုင်း စွန်းထင်က ကျင်ရှိုကို ထပ်ပြီးနာမည်ပျက်အောင် တွန်းပို့ထားတယ်။ သူတို့ ကြိုတွေးထားတဲ့အခြေအနေထဲမှာမှ အဆိုးဆုံးကိစ္စဖြစ်လာခဲ့တာ။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ hot search ရဲ့ထိပ်စီးပိုင်းမှာ မဟုတ်ပေမယ့် ထိပ်တန်း ၁၀ခုထဲမှာတော့ ပါဝင်နေတုန်းပဲ။

topics နှစ်ခုရှိပြီး တစ်ခုက "ကျင်ရှိုရဲ့လက်သည်း" ဆိုတာနဲ့၊ "ကျင်ရှို ကျီရုံယန်" ဆိုတဲ့ topic။

ကျီရုံယန်မှာ ညဝတ်အင်္ကျီပါးပါးလေးအပေါ် အနွေးထည်တောင် ထပ်ဝတ်ဖို့ သတိမကပ်တော့ဘဲ ကောက်ခါငင်ခါထထိုင်လို့ hot search ထဲ ဝင်ကြည့်လိုက်တယ်။

ဒီ hot search ရဲ့လားရာက ရုံရှိုး CP super topic ကနေ အစပြုလာခဲ့တာပဲ။

မနေ့ညက ရုံရှို CP ပြန်အသက်ဝင်လာခဲ့တဲ့နောက်ပိုင်း၊ super topic ထဲမှာရှိတဲ့လူတိုင်း အပျော်တွေနဲ့အူမြူးတက်ကြွကုန်ကြတာ။ တချို့လူတွေဆို "All Are Producers" ရဲ့ ပထမပိုင်းမှာပါလာတဲ့ ကျီရုံယန်နဲ့ ကျင်ရှိုတို့ကြားက ချိုမြိန်လှတဲ့အပြန်အလှန်အဆက်အဆံတွေကို တည်းဖြတ်ပြီး ပြန်တင်ထားကြတဲ့အထိပဲ။ သာမာန်လူတွေအနေနဲ့ အမှတ်မထင်ဖြစ်လောက်မယ့် အသေးစိတ်အချက်တွေအထိပါ CP ဖန်တွေက တည်းဖြတ်ထားပြီး ဇာချဲပြထားကြတယ်။

ဥပမာပြောရရင်တော့ ဒုတိယအပိုင်းအတွက် အကြိုပြထားတဲ့ teaser ထဲမှာ ကျင်ရှိုက ညာဘက်လက်နဲ့မိုက်ခရိုဖုန်းကို ကိုင်ထားတဲ့အချိန် လက်ခလယ်နဲ့ လက်သန်းကြွယ်ကလက်သည်းတွေကို ညီညီညာညာညှပ်ထားပေမယ့် ကျန်တဲ့လက်သည်းတွေကို လက်သည်းနီသေချာဆိုးထားတဲ့အခြေအနေကို ရှင်းရှင်းလင်းလင်းမြင်နေရတယ်။

ငါ စောင့်ဆိုင်းပေးနိုင်ပါတယ် [mm translation]Where stories live. Discover now