Chapter (29)

244 52 2
                                    

အပိုင်း (၂၉)

ကျီရုံယန် နားလည်နိုင်တယ်။ သူပြောတဲ့စကားတွေကို ဘယ်သူပဲကြားကြား သူ့ကို ကျိတ်ကြံစည်တတ်သူလို့ပဲ တွေးကြမှာ။ ကျင်ရှိုအနေနဲ့ သူ့အပေါ် မယုံသင်္ကာဖြစ်နေရင်လည်း လုံးဝနားလည်ပေးလို့ရတဲ့အနေအထား။ ဒါပေမယ့်လည်း အခုလိုလှောင်ပြောင်သရော်သလိုလိုစကားတွေ ကျင်ရှိုးပါးစပ်က ထွက်ကျလာတဲ့အခါ ကျီရုံယန် ရင်ထဲဆစ်ခနဲ့ ခံစားလိုက်ရပြန်တယ်။

သူ တံတွေမျိုချလို့ ကျင်ရှိုကို​မေးလိုက်တယ်။
"ငါ့ကို တကယ်ပဲ အဲ့လိုကြီးတွေးနေတာလား"
သူ့မှာ အဲ့လိုမေးခွန်းမျိုး မေးပိုင်ခွင့်မရှိဘူးဆိုတာ သိနေပေမယ့်လည်း ကျင်ရှိုရဲ့အတွေးကို သိချင်တယ်။

ကျင်ရှိုက ရေခွက်နှုတ်ခမ်းကို ခပ်ဖွဖွပွတ်လို့ အမေးတစ်ခုနဲ့​ပြန်ဖြေလိုက်တယ်။
"နင့်အထင်မှာရော ငါ ဘယ်လိုတွေးသင့်တယ် ထင်လဲ"

ကျီရုံယန်ရဲ့မျက်ဝန်းတစ်စုံမှာ စိတ်ပျက်မှု၊ နာကျင်မှုတို့နဲ့အတူ အရောင်ကင်းမဲ့သွားလျက်။ ကျင်ရှိုလည်း ကျီရုံယန်ကို ကြည့်ရင် ခွက်ကိုခပ်တင်းတင်းဆုပ်ကိုင်ထားမိတယ်။ နှစ်စက္ကန့်လောက် တိတ်ဆိတ်သွားပြီးတဲ့နောက်မှာ ကျင်ရှို စကားဆက်လိုက်တယ်။
"ငါ့ကိစ္စတွေကို ကူရှင်းပေးတုန်းက နင့်စိတ်ရင်းနဲ့လုပ်ပေးတာကို ငါသိတယ်.. ဘာပဲပြောပြော နင် ကူညီပေးတာဆိုတော့ ငါကျေးဇူးတင်ရမှာပဲ"

ကျီရုံယန်ရဲ့ အရောင်မှိန်သွားတဲ့မျက်လုံးက ပြန်လင်းလက်သွားလျက်။

ကျင်ရှို အကြည့်လွှဲလိုက်ပြီး အေးတိအေးစက်ဟန်ပန်နဲ့ ဆက်ပြောတယ်။
"ဒါပေမယ့် နင် အခုလုပ်နေတဲ့အကြံကလည်း အမှန်ပဲ မဟုတ်ဘူးလား"
သူ့နှလုံးသားအလိုက ကျီရုံယန်ကို ယုံကြည်လိုက်ဖို့ ပြောနေပေမယ့်လည်း သူ့ရဲ့ဆင်ခြင်တုံတရားက ငြင်းဆန်နေပြန်တယ်။ ဒီလိုအဆင်​ချောချောဖြစ်သွားတဲ့အကြံမျိုးက နဂိုကတည်းက တွေးဆထားတာမျိုးသာ မဟုတ်ခဲ့ရင် ဒီလောက်ပေါ့ပေါ့ပါးပါးနဲ့ရှင်းပြနိုင်မှာ မဟုတ်ဘူးမလား။

ကျီရုံယန်ရဲ့မျက်ဝန်းက ပြန်မှေးမှိန်သွားရလို့။ သူ ကျင်ရှိုရဲ့ မျက်နှာအမူအရာကင်းမဲ့သောမျက်နှာကို ကြည့်ပြီး၊ နားကြပ်ကို လက်ထဲတင်းတင်းကြပ်ကြပ်ဆုပ်ကျစ်ထားမိတယ်။ ကျင်ရှိုဆီ လှမ်းသွားကာ တိုးသာသာလေသံလေးနဲ့ ဝန်ခံတယ်။
"အင်း ငါ့ရဲ့အခုအကြံက အမှန်ပဲ"

ငါ စောင့်ဆိုင်းပေးနိုင်ပါတယ် [mm translation]Where stories live. Discover now