Chapter (37)

233 52 0
                                    


အပိုင်း (၃၇)

ကျီရုံယန်မှာ ဝိဉာဉ်လွှင့်သွားသလိုမျိုး ဆိုဖာရဲ့လက်တင်ပေါ်ကို ပစ်ထိုင်ချမိသွားတယ်။ ကျင်ရှိုရဲ့အငြင်းကို ခံလိုက်ရတဲ့ သေတ္တာလေးကို ငေးကြည့်ရင်း သေတ္တာထဲက နှင်းလူသားလေးဟာ အရည်ပျော်စပြုလျက်။ တစ်တောက်တောက် ကျနေတဲ့ နှင်းရေတွေကို နှလုံးအိမ်ထဲက စိမ့်ကျလာတဲ့သွေးတွေအလား ကျီရုံယန် ကြည့်နေမိတယ်။

သူ လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး၊ လက်ချောင်းချင်း ယှက်ဆုပ်ကာ အားထည့်ဖြစ်ညှစ်ပစ်ရင်း ဝမ်းနည်းစိတ်ကို ဖြေဖျောက်ရတော့တယ်။

အဲ့အချိန် အထူးခန်းတံခါးက ကလစ်ဆိုတဲ့မြည်သံနဲ့အတူ ပွင့်သွားပြီး ရှည်ရှည်မြှောမြှောအရိပ်တစ်ခုက အထဲဝင်လာတယ်။ ယောင်ရှောင်မှာ သမ်းဝေကာ တံခါးကို တိုးသာသာလေးဖိပိတ်လိုက်ပြီးမှ လရောင်အားကိုးနဲ့ ကျင်ရှိုရဲ့တံခါးရှေ့ဆီ ဦးတည်လိုက်ရတယ်။

ကျီရုံယန်ကတော့ ယောင်ရှောင်က ကျင်ရှိုရဲ့တံခါးရှေ့သွားနေတာကိုသာ တိတ်တဆိတ်ကြည့်နေလျက်။ ယောင်ရှောင်က ခါးကိုင်းပြီး သူရဲ့ကြေကွဲနေတဲ့နှလုံးသားလေးရှိရာ သေတ္တာကို ကောက်ကိုင်လိုက်ပြီး ပြန်လှည့်ထွက်သွားတယ်။

"နင် ဘာလုပ်နေတာလဲ"
ကျီရုံယန်ရဲ့ ရုတ်တရက်ပြောလိုက်တဲ့အသံက အေးတိအေးစက်။

ယောင်ရှောင်ခဗျာ ဧည့်ခန်းထဲမှာ လူရှိနေမှန်း သတိမထားမိတာမို့ ကျီရုံယန်ရဲ့အသံကြောင့် လန့်ဖြန့်သွားပြီး ထခုန်မိသွားတယ်။

ယောင်ရှောင်ရဲ့အမူအရာက တော်တော်ရယ်ရပေမယ့် ကျီရုံယန်မှာ မရယ်နိုင်။ ကျီရုံယန် မတ်တပ်ရပ်လိုက်ပြီး နံရံကပ်မီးအိမ်ကို လှမ်းဖွင့်လိုက်တယ်။

မီးမှိန်မှိန်လေး ပွင့်လာတဲ့အခါမှ ယောင်ရှောင်မှာ အရှေ့မှာရှိနေတဲ့ ကျီရုံယန်ကို မြင်လိုက်ရတာပဲ။ သူ့မှာ သက်ပြင်းချလိုက်ပြီးမှ အထိတ်တလန့် ပြောလိုက်မိတယ်။
"ကျီလောင်ရှီးရယ်.. ညီမကို လန့်သေသွားအောင်လုပ်နေတာလား.. ဘာလို့အသံမပေးတာလဲ"

ငါ စောင့်ဆိုင်းပေးနိုင်ပါတယ် [mm translation]Onde histórias criam vida. Descubra agora