Chapter (23)

239 45 3
                                    

အပိုင်း (၂၃)

အချိန်ဇယားကို စီစဉ်ခဲ့တဲ့အချိန် ကျီရုံယန်ရဲ့အဖွဲ့က သူတို့တွေ ပေကျင်းမြို့ကို အရောက်နောက်ကျမယ်လို့ သတင်းပေးထားတာ ဖြစ်တဲ့အတွက် ပွဲစီစဉ်သူများက ကျီရုံယန်ရဲ့ ကော်ဇော်နီအဝင်ကို နောက်ကျပိုင်းမှာ ဝင်လို့ရအောင် စီစဉ်ထားခဲ့တယ်။

ကော်ဇော်နီလျှောက်လမ်းက ညနေ ၅နာရီမှာ စဖွင့်ခဲ့ပြီး ညနေ ၆နာရီအချိန် ကျီရုံယန်နဲ့ သွမ့်ယွမ်ရှီးတို့ဟာ ပွဲစီစဉ်သူတို့ရဲ့စီမံမှုအရ ကားတစ်စီးတည်းနဲ့ ပွဲဆီ ထွက်လာခဲ့ကြတယ်။

သွမ့်ယွမ်ရှီးက 'Bells Ringing Late At Beicheng' တီဗီဇာတ်လမ်းမှာ ဇာတ်လိုက်မင်းသားဖြစ်ပြီးတော့ ဒီဇာတ်ကားကြောင့်ပဲ ကျီရုံယန်က တီဗီဇာတ်လမ်းဘုရင်မ ဆုကို ရခဲ့တာ။ ဇာတ်လိုက်မင်းသား သွမ့်ယွမ်ရှီးကတော့ အချိန်တစ်ခုစာအထိ နာမည်ကြီးသွားပေမယ့်လည်း အချိန်ကြာကြာမခံခဲ့။

လွန်ခဲ့တဲ့နှစ်အနည်းငယ်က သွမ့်ယွမ်ရှီးဟာ ကိုရီးယားမှာရှိနေတဲ့ idol အဖွဲ့ကနေထွက်လာခဲ့ပြီး တရုတ်ဆီပြန်လာလို့ အသက်မွေးဝမ်းကြောင်းအလုပ်ကို ဆက်လုပ်ကိုင်ခဲ့တယ်။ သူ့ဆီမှာ အထောက်အပံ့ကောင်းတွေရှိထားတဲ့အတွက် တဟုန်ထိုးလူသိများလာခဲ့တာ။ ဒါပေမယ့်လည်း အင်တာဗျူးများလုပ်ရင် စကားအပြောအဆို မတတ်၊ စကားလုံးရွေးချယ်မှုက ဆိုးရွားတတ်ပြီး public relations ကို ကောင်းစွာမကိုင်တွယ်နိုင်တာမို့ ပြဿနာအကြီးကြီးကို မီးစမွှေးမိရာကနေ နာမည်က ချက်ချင်းထိုးကျသွားတဲ့အဖြစ်ဆီ ပြန်ရောက်သွားခဲ့ရတယ်။

'Bells Ringing Late At Beicheng' ဆိုတဲ့ဇာတ်လမ်းက အစက နာမည်ကြီးနိုင်တဲ့အထောက်အပံ့ကောင်းတစ်ခု မဟုတ်ခဲ့တာမို့ ကျီရုံယန်နဲ့ သွမ့်ယွမ်ရှီးတို့ရဲ့လက်ထဲ ရောက်လာခဲ့တယ်လို့ ဆိုရမယ်။ ဒါပေမယ့် ဒီဇာတ်လမ်းဟာ မထင်မှတ်ထားလောက်အောင် လူကြိုက်များသွားခဲ့ပြီး နာမည်ကျော်ကြားသွားခဲ့တာ။

သွမ်ယွမ်ရှီးက ဖုန်းသုံးနေတဲ့ ကျီရုံယန်ကို တစ်ချက်ဆွေ့ကြည့်လိုက်ပြီး မျက်ဝန်းထဲကြည်စယ်နောက်ပြောင်လိုဟန်အရိပ်အယောင်များ ပေါ်လာခဲ့တယ်။

ငါ စောင့်ဆိုင်းပေးနိုင်ပါတယ် [mm translation]Where stories live. Discover now