Chapter (36)

297 50 7
                                    

အပိုင်း (၃၆)

ချီသုန်ချင်ဟာ အသက် ၅၀ ကျော်ရှိနေပြီဖြစ်တဲ့ မင်းသမီးကြီးတစ်ယောက်။ ၁၉၉၀ ခုနစ်ဝန်းကျင်လောက်မှာ အဆိုတော်အနေနဲ့ အနုပညာလောကထဲကို စဝင်ခဲ့တာ။ အကြောင်းတရားတိုက်ဆိုင်တာနဲ့ ရုပ်ရှင်တစ်ခုမှာ ပါဝင်သရုပ်ဆောင်လိုက်ရပြီး တစ်ခါတည်း နှစ်တစ်နှစ်ရဲ့မျက်နှာသစ်သရုပ်ဆောင်ဆုပါ ရသွားခဲ့တယ်။ အဲ့နောက်ပိုင်း ဂီတလမ်းကြောင်းကို လက်လျော့လိုက်ပြီး ရုပ်ရှင်တွေထဲမှာပဲ ကိုယ့်ကိုယ်ကိုယ် ရင်းနှီးမြှုပ်နှံလိုက်သူ။ ချီသုန်ချင်ဟာ ဩဇာကြီးမားပြီး သန်မာတဲ့ ဝါရင့်သရုပ်ဆောင်မင်းသမီးဖြစ်လာခဲ့ကာ လွန်ခဲ့တဲ့နှစ်ငါးဆယ်အတွင်း တရုတ်ရုပ်ရှင်လောကထဲ လွှမ်းမိုးမှုအကြီးဆုံး ထိတ်တန်းမင်းသမီး ၁၀ယောက်ထဲမှာ အပါအဝင်ဖြစ်လာခဲ့တယ်။

လွန်ခဲ့တဲ့ နှစ်၂၀ အတွင်း ချီသုန်ချင်းဟာ အကောင်းဆုံး မင်းသမီးဆုအနေနဲ့ Jin Que၊ Jin Feng နဲ့ Hua Jia တို့ကို အကြိမ်ပေါင်းများစွာ ဇကာတင်အဆင့်ထဲ ဝင်ခဲ့ပေမယ့်လည်း အမြဲချွတ်ချော်ခဲ့ရတယ်။ လွန်ခဲ့တဲ့လေးနှစ်၊ သူ အသက် ၄၀ ကျော်လာတဲ့အချိန်မှပဲ ပထမဆုံး အကောင်းဆုံးမင်းသမီးဆုကို ရရှိခဲ့တာ။ သူ့မှာ စင်ပေါ်မှာတင် မျက်ရည်မထိန်းနိုင်တဲ့အထိဖြစ်ခဲ့ပြီး မြောက်မြားစွာသော ပရိသတ်တွေနဲ့ ရုပ်ရှင်ပရိတ်သတ်တွေရဲ့နှလုံးသားကို လှုပ်ခါနိုင်ခဲ့တယ်။

ဒီညစာစားပွဲမှာ အရည်အချင်းနဲ့အတွေ့အကြုံ အမြင့်မားဆုံးစီနီယာဖြစ်ပေမယ့်လည်း ချီသုန်ချင်က မထင်ထားလောက်အောင် သဘောထားကြီးပြီး၊ ဖော်ရွေကာ စကားကို တရင်းတနှီးပြောတတ်သူ ဖြစ်နေတော့တယ်။ ကျင်ရှိုက သူနဲ့ ခွက်ချင်းတိုက်ပြီး ဂုဏ်ပြုတဲ့အခါ ချီသုန်ချင်ရဲ့မျက်ဝန်းထဲ ကျင်ရှိုကို သဘောကျမှုတွေ၊ လေးစားမှုတွေ လျှံကျနေပြီး တောက်ပနေမယ့် ကျင်ရှိုရဲ့အနာဂတ်ကို ချီးကျူးမဆုံး ဖြစ်နေတော့တာ။ ချီသုန်ချင်ဟာ လျှန်ကျန်နဲ့ စုလီဟန်တို့အကြောင်း မသိတာတောင် ချီးကျူးစကား တစ်ခွန်းစနှစ်ခွန်းစလောက် ပြောပေးလေရဲ့။

ဒါပေမယ့် မထင်ထားဆုံးကိစ္စမှာ ကျီရုံယန်နဲ့ ခွက်ချင်းတိုက် နှုတ်ဆက်တဲ့အချိန် ချီသုန်ချင်းက ပြုံးပြပြီး ကျီရုံယန်ကို သတိထားမိနေတာကြာပြီဖြစ်ကြောင်း ပြောပြလာတာပဲ။

ငါ စောင့်ဆိုင်းပေးနိုင်ပါတယ် [mm translation]Where stories live. Discover now