Chapter (25)

254 51 2
                                    

အပိုင်း (၂၅)

ကျင်ရှိုရဲ့အေးတိအေးစက်လေသံက ကျီရုံယန်အတွက် ရေခဲရေတွေပုံးလိုက် လောင်းချခံလိုက်ရသလိုပဲ။ ကျီရုံယန်ရဲ့ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းအေးခဲသွားရတယ်။

"အာရှို.. ဘာဖြစ်လို့လဲ"
ကျီရုံယန်မှာ တံတွေးမိချလို့ တအံ့တဩမေးမိတယ်။

ကျင်ရှိုလည်း ကျီရုံယန်ရဲ့ သတိချပ်နေတဲ့လေသံကို ကြားလို့ လက်ထဲ လက်သည်းစိမ့်ဝင်တဲ့အထိ လက်သီးကျစ်ဆုပ်လိုက်ပြီး အေးတိအေးစက်နဲ့ ပြောလိုက်တယ်။
"ဘာမှ မဟုတ်ဘူး.. တခြားပြောစရာရှိလို့လား"

ကျီရုံယန်မှာ ရင်ထဲနင့်ခနဲ့ပဲ။ ဝမ်းနည်းစိတ်၊ ဝေခွဲမရစိတ်တို့ကို မျိုသိမ့်လိုက်ရင်း အဓိကအကြောင်းကို ဦးတည်လိုက်တယ်။
"ငါ hot search ကို မြင်လိုက်တယ်.. အဲ့တာ စွန်းထင် လုပ်..."

"နင်နဲ့ မဆိုင်ဘူး"
သူ့မှာ စကားပြောမဆုံးသေး ကျင်ရှို ​ပိတ်ပြောတာခံလိုက်ရတယ်။

ကျီရုံယန်မှာ နည်းနည်းလန့်လာပြီး ကူကယ်ရာမဲ့နေတဲ့လေသံနဲ့ ခေါ်မိတယ်။
"အာရှိုရယ်.."

ကျင်ရှိုမှာ ငိုချင်စိတ်ကြောင့် နှာဖျားထိပ်က စူးတက်လာလျက်။ မနေ့ညက ဝတ်ထားပြီး အခုချိန်အထိ မချွတ်ရသေးတဲ့ ပန်ဒါလက်ကောက်လေးကို ငုံ့ကြည့်လိုက်ပြီး အေးတိအေးစက်လေသံနဲ့ ပြောလိုက်တယ်။
"နင် စိုးရိမ်ရမယ့်ကိစ္စမဟုတ်ဘူး.. နင့်အားတွေကို နင့်ကိစ္စ ဖြေရှင်းဖို့အတွက်ပဲ ချန်ထားလိုက်"

ပြီးတော့ သူ ဖုန်းချလိုက်တယ်။

ကျီရုံယန်ရဲ့နွေးထွေးနေတဲ့နှလုံးသားလေးမှာ အေးစက်သွားရလို့။ ဘာဆက်လုပ်ရမလဲတောင် မသိတော့ပါလေ။

လင်ယွဲ့က အနောက်မှာ ခရီးဆောင်အိတ်ကိုဆွဲရင်း အသံငယ်လေးနဲ့ သတိပေးလာတယ်။
"ကျီကျဲ.. ညီမတို့ သွားမှရမယ်"

အဲအချိန်မှ ကျီရုံယန်လည်း သတိပြန်ကပ်မိလို့ အားတင်းပြုံးလိုက်ပြီး ဝေဝါးနေတဲ့စိတ်နဲ့ ပြောလိုက်တယ်။
"ကောင်းပြီလေ.. ငါ အခုလာခဲ့မယ်.. အရင်သွားနှင့်ပြီး ဓာတ်လှေကားရှေ့မှာ စောင့်နေလိုက်နော်"

ငါ စောင့်ဆိုင်းပေးနိုင်ပါတယ် [mm translation]Where stories live. Discover now