Chapter (31)

245 59 2
                                    

အပိုင်း (၃၁)

လက်ဆန့်ထုတ်ထားတာ စက္ကန့်ပိုင်းလောက်ပဲကြာသေးပေမယ့် ကျီရုံယန်အတွက် တစ်သက်တာကြာသွားသလိုပဲ။ အစီအစဉ်မှူးကလည်း သူတို့ကို ခေါ်နေပြီ။ လေယာဉ်ပေါ်မှာ ကျင်ရှိုရဲ့ဆိတ်ဆိတ်နေတဲ့အပြုအမူကို သူနားလည်မှုများ လွှဲသွားလေသလားလို့ ကျီရုံယန်တွေးမိတယ်။ စိတ်ပျက်လက်ပျက်နဲ့ လက်ပြန်ရုတ်မယ့်အခိုက်မှာ ကျင်ရှိုက ရုတ်တရက် လက်မြှောက်လာပြီး ကျီရုံယန်ရဲ့လက်ပေါ် ယှက်တင်လာခဲ့တယ်။

လက်ချင်းထိလိုက်တဲ့အခိုက် ကျီရုံယန်မှာ ရင်ထဲ လိပ်ပြာအကောင်တစ်ထောင်လောက် ပျံတက်သွားသလို နှလုံးသားတစ်ခုလုံးတဒုန်းဒုန်းခုန်လာခဲ့တယ်။ သူ ကျင်ရှိုကို မျက်လုံးလှန်ကြည့်လိုက်တော့ ကျင်ရှိုက သူ့ဘက်ကိုလှည့်လို့ ဘာမှမဖြစ်သလိုကြည့်နေတယ်။

ကျီရုံယန် လက်ကိုလှည့်လိုက်ပြီး သူ့ရဲ့လက်​ချောင်းငါး​ချောင်းကို ကျင်ရှိုရဲ့သွယ်လျလျလက်ချောင်းလေးတွေနဲ့ တယုတယယှက်နွယ်ကာ ဆုပ်ကိုင်ထားလိုက်တယ်။

ကျင်ရှိုကလည်း ငြင်းဆန်ချင်တဲ့ပုံမရှိ။

ကျီရုံယန် တအားပျော်နေပြီ။ ပြီးတော့ ကျင်ရှို နောင်တရသွားမှာစိုးတဲ့အလား ကျင်ရှိုရဲ့လက်ကို သေချာဆုပ်ကိုင်ထားလိုက်ပြီး ကျင်ရှိုနဲ့လက်တွဲထားချင်တဲ့ဆန္ဒကို အကောင်အထည်ဖော်လိုက်တော့တယ်။ တွဲထားတဲ့လက်ကနေ ခံစားနေရတဲ့အနွေးဓာတ်လေးကြောင့် ကျီရုံယန်ရဲ့မျက်ဝန်းမှာ တောက်ပလင်းလက်နေလျက်။

ကျင်ရှိုရဲ့လက်ချောင်းတွေက တောင့်တင်းနေတဲ့အနေအထားနဲ့။ ကျီရုံယန်ရဲ့လက်ဖမိုးကို ထိနေခြင်းမရှိပါသော်လည်း ဟန်မပျက်ဘဲ ကျီရုံယန်ကို သတိပေးလိုက်တယ်။
"ငါတို့ သွားလို့ရပြီလား"

ကျီရုံယန်ရဲ့နှုတ်ခမ်းထောင့်တွေက နားရွက်တက်ချိတ်တော့မယ့်မတက်ဖြစ်နေပြီ။ သူ ကျင်ရှိုနားဆီ တစ်လှမ်းတိုးလို့ ပြန်ပြောလိုက်တယ်။
"ရပြီ"

ဝန်ထမ်းတွေက သူတို့ဆီ လာကြည့်တာမျိုး မရှိတာမို့ ကျင်ရှိုရဲ့နား,နားကပ်ပြီး နူးနူးညံ့ညံ့ညှင်ညှင်သာသာလေး ထပ်ပြောလိုက်တယ်။
"ဒီအကြိမ်မှာတော့ ငါ လက်လွှတ်မှာ မဟုတ်ဘူး"

ငါ စောင့်ဆိုင်းပေးနိုင်ပါတယ် [mm translation]Where stories live. Discover now