Chapter (9)

247 42 0
                                    

Unicode

အပိုင်း (၉)

ကျီရုံယန်ဟာ အားနဲ့ အစမ်းလေ့ကျင့်ခန်းတံခါးကို ဆောင့်တွန်းလိုက်ပြီး ဖွင့်လိုက်လေရဲ့။ အခန်းထဲရှိလူတွေမှာ ရုတ်တရက်ထွက်လာတဲ့ ဝုန်းခနဲ့ အသံကြောင့် လန့်ဖြန်သွားကြပြီး တံခါးဝကို ကပျာကယာလှမ်းကြည့်ကြတယ်။

"ကျီကျဲ"
ကျင်ရှိုကို ကူတွဲထားရသော ယောင်ရှောင်ခဗျာ အလန့်တကြားနဲ့ပင် ခေါ်လိုက်မိတော့တယ်။

ကျင်ရှိုရဲ့အခြေအနေမှာ ဖျော့တော့နေသောမျက်နှာနှင့် နဖူးပြင်တွေ ချွေးရေးရေးတို့ စို့နေလျက်။ သူလည်း ဝုန်းခနဲ မြည်သံကြောင့် တံခါးဝဆီ လှမ်းကြည့်လိုက်တယ်။ ကျင်ရှိုတို့ရဲ့နောက်တွင် လဲကျနေသော ခုံတို့မှာ ပြန့်ကျဲနေလျက်သား။

“ကျီလောင်ရှီး…”
သိုင်းပညာရှင်လောင်ရှီးက အရင်ဆုံးအသိဝင်သွားပြီး ကျီရုံယန်ကို လှမ်းနှုတ်ဆက်တော့တယ်။
“ကျွန်မတို့ဘက်က ဆူသွားလို့ အနှောင့်အယှက်ဖြစ်သွားတာလား…”

ကျီရုံယန်အနေနဲ့ တခြားသူများရဲ့ပြောစကားတွေကို မကြားနိုင်။ စိုးရိမ်တကြီးဖြစ်နေသော မျက်နှာနဲ့ သိုင်းပညာရှင်လောင်ရှီးကို ကျော်သွားပြီး ကျင်ရှိုရှေ့ ရပ်ကာ ကျင်ရှိုရဲ့ဘယ်ဘက်လက်ကို အသာအယာဆွဲကိုင်လိုက်တော့သည်။ ထို့နောက် ကျင်ရှိုရဲ့ခန္ဓာကိုယ်ကို ဆုန်ချည်ဆန်ချည် စစ်ဆေးကြည့်ပြီးနောက်မှ တုန်လှုပ်နေသော လေသံနှင့်မေးရတယ်။
“ဘယ်နားလဲကျသွားတာလဲ..နာသွားသေးလား?”

ကျင်ရှိုရဲ့ရင်ထဲ နွေးထွေးသွားရပြီး တစ်ခုခုပြောရန်အလုပ်မှာ ဘေးပတ်ပတ်လည်မှ လူအများရဲ့အကြည့်ကို အလိုလိုသတိထားမိသွားလေရဲ့။

ကျီရုံယန်နောက်မှ ပြေးလိုက်လာသော လင်ယွဲ့တောင် ဘာမှ နားမလည်နိုင်တော့သည့်အလား အံ့အားသင့်သွားပုံကို သူ မြင်နေရတယ်။

ကျီရုံယန်ရဲ့အပြုအမူတွေကလည်း အဟုတ်ကို မူမမှန်ဘဲ တအားသိသာလွန်းအားကြီးတယ် မဟုတ်ပါလား။ ကျင်ရှိုမှာ ကျီရုံယန် အတင်းလာဆွဲခဲ့သော လက်ကို ရုတ်လို့၊ ကျီရုံယန်ရဲ့မျက်နှာကို ကြည့်လိုက်ရာ မျက်ဝန်းထဲတွင် စိုးရိမ်ပူပန်နေသော အရိပ်အယောင်တို့ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရ၍ ကျင်ရှို ထပ်အံ့ဩသွားရပြန်တယ်။

ငါ စောင့်ဆိုင်းပေးနိုင်ပါတယ် [mm translation]Where stories live. Discover now